⭐Extra⭐

1.8K 305 24
                                    

🍓Unicode🍓

"ပါပါးးး ဒါဆိုမီးခွက်စောင့်လေးနဲ့ သူ့သခင်ကပေါင်းဖက်သွားရတာပေါ့နော်"

"ဟုတ်တာပေါ့...အဲ့ဒါပုံပြင်လေးရဲ့အဆုံးသတ်ပဲ"

"သားသားလည်း မီးခွက်စောင့်လေးနဲ့တွေ့ချင်လိုက်တာ..."

သားဖြစ်သူဝမ်ရိကျန့်လေးရဲ့စကားကြောင့်ရှောင်းကျန့်ရယ်ကာ ခေါင်းလေးကိုပွတ်သပ်ပေးလိုက်သည်။

"အိပ်တော့နော်...မနက်ကြရင် သားသားမူကြိုသွားရဦးမယ်လေ"

"ဟုတ်ကဲ့ပါပါးး အာဘွားးး"

ပါးလေးကိုအနမ်းပေးလာတဲ့သားဖြစ်သူကိုရှောင်းကျန့်ကစောင်လေးခြုံပေးလို့နဖူးပြင်လေးကိုခပ်ဖွဖွပြန်နမ်းလိုက်သည်။

"ကောင်းသောညပါ ပါပါးးး"

"ကောင်သောညပါ ပါးရဲ့ရိကျန့်လေး"

သားရဲ့အခန်းမီးလေးကိုပိတ်လို့ညအိပ်မီးအိမ်လေးသာဖွင့်ပေးခဲ့သည်။ထို့နောက်မိမိအခန်းထဲသို့ပြန်လာခဲ့သည်။သားလေးက၄နှစ်သာရှိသေးပေမယ့် သူ့daddyရဲ့စနပ်တွေကြောင့်အခန်းခွဲအိပ်လေသည်။

'ကျွီ...'

အခန်းတံခါးဖွင့်သံကြားသည်နှင့်အိပ်ရာပေါ်မှ ခေါင်းထောင်ကာကြည့်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းချကာမနိုင်ဘူးဆိုသည့်သဘောမျိုးဖြင့် ခေါင်းခါလိုက်မိသည်။

"မအိပ်သေးဘူးလားးရိပေါ်"

"ကျန့်ကောမှမရှိတာ...ဘယ်လိုအိပ်ရမလဲ....ကျန့်ကောကိုမှမဖက်ရရင် ရင်ခွင်ထဲမှာဟာတာတာကြီးရယ်"

ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲသို့ပစ်ဝင်လိုက်သည်။ထို့နောက်ရိပေါ်ရဲ့မေ့စေ့လေးကိုလှမ်းလို့နမ်းရှိုက်လိုက်သည်။

"သားသားကို ပုံပြင်ပြောပြနေတာမို့ပါ..."

"ဒီတစ်ခေါက်ကရော ဘာပုံပြင်လဲ"

"မီးခွက်စောင့်လေးနဲ့သူ့သခင်ရဲ့ချစ်ပုံပြင်လေးပေါ့...ဟီးးဟီးး"

ကလေးလေးလိုရယ်နေတဲ့ကျန့်ကောရဲ့နဖူးလေးကိုရိပေါ်မြတ်နိုးစွာနမ်းလိုက်သည်။ကျန့်ကောက သူ့တို့ရဲ့အဖြစ်အပျက်တွေကို သားရိကျန့်လေးအိပ်ရာဝင်ပုံပြင်အဖြစ်ပြောပြတတ်သည်လေ

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now