🍓Unicode🍓
ရိပေါ်တစ်ယောက်အိမ်တော်ထဲသို့အဝင် ဧည့်ခန်းထဲတွင် ကြိမ်လုံးကိုင်ကာမတ်တပ်ရပ်နေတဲ့ဝမ်မားကိုမြင်သည်နှင့်လန့်သွားရသည်။
"ဝမ်ရိပေါ်!!!"
"ခင်ညာ..."
"ကိုယ့်အပြစ်ကိုယ်သိတယ်မဟုတ်လား"
"မားကလည်း"
ရိပေါ်တစ်ယောက်မားကိုပြန်ပြောနေရင်းမှ အဖွားဖြစ်သူကိုရှာနေမိသည်။အဖွားသာရှိရင်မားရဲ့ကြိမ်လုံးကိုလည်းသူမကြောက်
'ရွှမ်းးးးး'
ဘေးကနံရံကိုလက်ထဲကကြိမ်လုံးနဲ့ ရွှမ်းကနဲ ရိုက်ချလိုက်တဲ့ဝမ်မားကြောင့်ရိပေါ်ဒူးတုန်နေရပြီ
"တက္ကသိုလ် တက်လို့ ဒုတိယနှစ်ကျောင်းသားကြီးတောင်ဖြစ်နေပြီ...ခုလက်ထိအချိုးတွေကမပြောင်းသေးဘူး!!!"
မားရဲ့စကားကြောင့်ရိပေါ်နှုတ်ခမ်းစူကာခေါင်းငုံ့နေမိသည်။ဒီအရွယ်ရောက်နေပေမယ့်မားကိုသူသိပ်ကြောက်ရပါသည်။
"ယူထားတဲ့မေဂျာက စီးပွားရေးတဲ့....မိဘတွေကိုဝိုင်းမကူတဲ့အပြင်...ကျောင်းပြေးပြီးအလေလိုက်တယ်!!!အဲ့တာကောင်းလားးး!!!"
"ကောင်းပါတယ်မားး"
"ဘာပြောတယ်!!!!"
ရိပေါ်ခေါင်းငုံ့ရင်းတိုးတိုးလေးပြောတာကိုတောင်ဝမ်မားကကြားသွားသေးသည်။
"ဟို...မကောင်းပါဘူးလို့ပြောတာပါမားး"
"အဟင်းးး ဝမ်ရိပေါ်!!!ဟိုဘက်လှည့်ပြီးလက်ပိုက်လိုက်"
မားရဲ့ကြိမ်လုံးစာမိတော့မှာမို့ရိပေါ်ကတော့စိတ်ညစ်သွားရသည်။အရေးထဲမီးခွက်စောင့်လေးကလည်း သူ့ကိုလျှာထုတ်ပြီးပြောင်ပြနေသေးသည်။
ရိပေါ်လက်ပိုက်ထားကာမားရဲ့ကြိမ်လုံးကိုယ်ပေါ်သို့အရောက်ကိုမျက်စိမှိတ်ကာစောင့်နေတုန်း ကြားလိုက်ရတဲ့ကယ်တင်ရှင်ကြီးရဲ့အသံ
"ငါ့မြေးကိုဘာမှရိုက်စရာမလိုဘူးးးး"
"ဖွားးး"
အိမ်ပေါ်ထပ်လှေကားကနေဖြည်းဖြည်းချင်းဆင်းလာတဲ့ဝမ်ဖွားဖွားကအရွယ်နဲ့မလိုက်အောင် နုပျိုနေတုန်းး ပြီးတော့ဝမ်ဖွားဖွားရဲ့စကားဆိုအားလုံးကမပယ်ရှားရဲကြပေ။
YOU ARE READING
မီးခွက်စောင့်ကျန့်ကျန့်[Completed]
Fanfictionအာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 End Date ~5.11.2022 _________________________________ အာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 E...