Ch.17(U+Z)

1.7K 237 10
                                    

🍓Unicode🍓

ကျန့်ကျန့်သခင့်ကိုမချစ်ဘူးလို့ပြောပြီး မီးခွက်ကလေးထဲပြန်ဝင်နေမိသည်။

အမှန်တိုင်းဝန်ခံရရင် ကျန့်ကျန့်သခင့်ကိုချစ်ပါတယ်...နှစ်ပေါင်းများစွာကြာပြီးမှမီးခွက်ထဲကထွက်ခွင့်ရတဲ့အချိန် ပထမဆုံးမြင်ခွင့်ရတဲ့သခင့်ကိုကျန့်ကျန့်သိပ်ချစ်ရပါသည်။

ဒါပေမယ့်ကျန့်ကျန့်သခင့်ကိုချစ်တယ်လို့ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးး။ဘာလို့လဲဆိုတော့ မီးခွက်စောင့်တစ်ယောက်ဟာလူသားတစ်ယောက်ကို အထူးသဖြင့်သခင်ဖြစ်သူကို ချစ်ခွင့်မရှိဘူးဆိုတဲ့စည်းကမ်းချက်ကြောင့်ပင်

မီးခွက်စောင့်တွေမှာလည်းလိုက်နာရမယ့်စည်းမျဥ်းဆိုတာရှိပါတယ်...ကျန့်ကျန့်သခင့်ကိုသိပ်ချစ်ရင်တောင်ဖွင့်ဟဝန်ခံခွင့်မရှိပါ

ဆုတောင်းသုံးခုပြည့်လိုသူထွက်သွားတဲ့အခါ ဝမ်းနည်းကျန်ခဲ့ရမယ့်သခင့်ကိုသူမကြည့်ရက်ပါ...တတိယဆုတောင်းကိုမတောင်းတော့ဘဲသခင်ကသူ့ကိုဆွဲထားမယ်ဆိုရင်တောင်....ဒီနေ့လိုမျိုးဘယ်လိုမှရှောင်လွဲလို့မရနိုင်တဲ့အခြေအနေတွေတစ်ချိန်ချိန်မှာ ထပ်ဖြစ်လာတဲ့အခါ တတိယဆုတောင်းကိုမဖြစ်မနေတောင်းရလိမ့်မယ်...

သူ့ထွက်သွားတဲ့အခါ သခင်ဝမ်းမနည်းအောင် သခင်ဘေးမှာချစ်ခင်ယုယပေးမယ့်သူတစ်ယောက်ကိုကျန့်ကျန့်တကယ်ထားခဲ့ချင်မိပါသည်။ရင်နာရပေမယ့်လို့ပေါ့။

ရက်တော်တော်ကြာတဲ့အထိ ကျန့်ကျန့်မီးခွက်ကလေးထဲကနေ အပြင်ကိုသိပ်မထွက်ဖြစ်ခဲ့တော့ပါ...သခင်ရဲ့မျက်ဝန်းအကြည့်တွေကို မခံစားနိုင်တာကြောင့်လည်းပါသည်။

'ဒေါက်..ဒေါက်..'

"ကျန့်ကျန့် မီးခွက်ထဲက ခုထွက်ခဲ့...သခင်တစ်ယောက်အနေနဲ့အမိန့်ပေးနေတာမို့ ခုထွက်ခဲ့"

သခင်ကအမိန့်ပေးလာတဲ့အခါ ကျန့်ကျန့်ကမဖြစ်မနေ မီးခွက်ထဲက ထွက်လာရသည်။

"ကျန့်ကျန့်...မင်းဒီလိုတွေဖြစ်နေတာ...ငါကမင်းကိုချစ်မိလို့လားး"

ဘာမှပြန်မပြောပဲခေါင်းငုံ့နေမိတော့သခင်ကသူ့လက်ကိုလာဆွဲသည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now