Ch.4(U+Z)

2.3K 293 22
                                    

🍓Unicode🍓

ရိပေါ်ကစဥ်းစားသလိုလေးလုပ်နေတော့ကျန့်ကျန့်ရဲ့မျက်လုံးလေးတွေဟာအရောင်တလက်လက်တောက်ပလာသည်။သခင်ကဆုတောင်းတော့မှာများလားး

"သခင်ရဲ့ ပထမဦးဆုံးဆုတောင်းကဘာများလဲဗျ"

"မတောင်းပါဘူး"

ဒေါသထွက်သလိုမျက်လုံးပြူးပြူးကြီးတွေနဲ့ကြည့်ကာသူ့နားကပ်လာတဲ့မီးခွက်စောင့်လေးကြောင့်ရိပေါ်မှာလန့်နေရသည်။

"ဘာ...ဘာလုပ်မလို့လဲ...ငါ...ငါကမင်းရဲ့သခင်နော်"

"သိသားပဲ...ဒီကပထမဦးဆုံးသခင်မိုလို့ဆုတောင်းလေးကိုစမ်းသပ်တဲ့အနေဖြည့်ပေးချင်ပါတယ်ဆိုမှ....ဟွန့်..မရဘူးခုဆုတောင်း"

အတင်းဆုတောင်းခိုင်းနေတဲ့မီးခွက်စောင့်လေးကြောင့်ရိပေါ်လည်းခေါင်းတွေအသေခါယမ်းကာငြင်းပစ်လိုက်သည်။

"ဒီမှာ မီးခွက်စောင့်လေး"

"ဘာမီးခွက်စောင့်လေးလဲ...မီးခွက်စောင့်ကျန့်ကျန့်ပါဆိုနေ"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ...ဒီမှာ မီးခွက်စောင့်ကျန့်ကျန့် မင်းရဲ့သခင်ငါကရုပ်ရည်အရဆိုရင်လည်းဆုတောင်းစရာမရှိဘူး...ဘာလို့ဆိုငါ့ရုပ်ကအရမ်းချောနေလို့"

ကျန့်ကျန့်ခဗျာ သူ့သခင်ရဲ့ကိုယ့်ကိုယ်ကိုအမွှန်းတင်နေတဲ့စကားကြောင့်မျက်နှာကိုမဲ့လိုက်ရွဲ့လိုက်လုပ်နေမိသည်။

"ပြီးတော့ ချမ်းသာမှုအရဆိုရင်လည်း ဘာမှပြောစရာမလိုဘူး နောင်ဆယ်သက်ထိစားမကုန်နိုင်ဘူး...ပြီးတော့ သူငယ်ချင်းတွေလား ခင်ချင်တဲ့သူတွေများဘေးနားမှာရိုက်သတ်လို့တောင်မကုန်ဘူး"

ဂုဏ်ဆာနေတဲ့မျက်နှာကြီးနဲ့သခင်ကိုကျန့်ကျန့်စောင့်ကန်ချင်လာသည်။တကယ်ပါပဲဆုတောင်းခိုင်းပါတယ်ဆိုမှ သူ့အကြောင်းသူချီးမွန်းခန်းတွေဖွင့်နေလိုက်တာများ

"ပြီးတော့ ငါကလေ လိုချင်တာဆိုရင်လည်း အားလုံးရနေတဲ့သူ ငါ့ကိုကြိုက်နေတဲ့မိန်းကလေးတွေဆိုတာလည်း@#$%&*@#$% .............."

သခင်ရဲ့သူ့ကိုယ်သူဂုဏ်ဆာပြီးမပြီးနိုင်မစီးနိုင်ဖွဲ့သီနေတဲ့ချီးမွန်းခန်းကြီးကိုကျန့်ကျန့်မှာတော့နားသွေးယိုမတတ်နားထောင်နေရသည်လေ....ဒါ့အပြင်သူပြိုင်တဲ့ဆိုင်ကယ်ပွဲတွေဆိုပြီးပြတာပြတာဆိုတာမနက်၄နာရီထိုးသွားတဲ့အထိပဲ

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now