Ch.18(U+Z)

1.7K 222 17
                                    

🍓Unicode🍓

"ကျန့်ကျန့်ရေ..."

"လာပါပြီသခင်..."

"သွားကြစို့လေ"

"ဟုတ်ကဲ့"

ဒီနေ့ရိပေါ်က ကျောင်းပိတ်တာမို့မီးခွက်စောင့်လေးနဲ့အတူ ကစားကွင်းသွားရန်ပြင်နေကြခြင်းဖြစ်သည်။တစ်နည်းအားဖြင့်Dateကြသည်ပေါ့လေ။

အောက်ထပ်သို့တက်ကြွစွာဆင်းလာသည့်ဝမ်ရိပေါ်ကို ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ဝမ်ဖွားဖွားက လိုက်ကြည့်နေသည်။

"မြေးး တက်ကြွနေပါလားး ဘယ်သွားမလို့လဲ"

"မြေးး ကစားကွင်းသွားမလို့ပါ ဖွားရဲ့"

ဖွားကရိပေါ်ကို ထူးဆန်းနေသလိုကြည့်ကာ မျက်မှန်တပင့်ပင်နှင့်

"မြေးတစ်ယောက်ထဲလားကွယ်...အဖော်တွေရောမပါဘူးလား"

ဖွားရဲ့စကားကြောင့်ရိပေါ်သူ့ရဲ့ဘေးမှာမတ်တပ်ရပ်နေတဲ့မီးခွက်စောင့်လေးကိုကြည့်ကာပြုံးလိုက်သည်။

"ပါပါတယ်ဖွားရဲ့....မြေးရဲ့ကောင်လေးနဲ့အတူသွားမှာပါ"

ဝမ်ဖွားဖွားရဲ့ပါးစပ်ကအံ့သြလွန်းလို့ပွင့်ဟသွားရသည်။သူနားကြားမှာသွားတာများလား

"ကောင်လေး ဟုတ်လားးးမြေးး"

"ဟုတ်ကဲ့...နောက်မှဖွားကိုသူနဲ့မိတ်ဆက်ပေးမယ်နော်...ခုတော့သွားလိုက်ဦးမယ်နော်ဖွား"

"အေးအေးး ဂရုစိုက်ကွယ်"

ဧည့်ခန်းထဲမှာကျန်ခဲ့တဲ့ဝမ်ဖွားဖွားကတော့ထွက်ခွာသွားတဲ့မြေးဖြစ်သူရဲ့ကျောပြင်လေးကိုကြည့်လို့နေသည်။

သူမအနေနဲ့မြေးလေး ရွေးချယ်တဲ့ဘယ်သူ့ကိုမဆိုလက်ခံပေးမှာပါ...ဒါပေမယ့်လူကောင်းသူကောင်းလေးတော့ဖြစ်ဖို့လိုတာပေါ့လေ။မြေးလေးမိတ်ဆက်ပေးတဲ့အခါမှ အကဲခတ်ကြည့်ရပါဦးမယ်

အိမ်အပြင်ရောက်သည်နှင့်သူ့လက်ကိုလာကိုင်တဲ့မီးခွက်စောင့်လေးကြောင့်ရိပေါ်ကြည့်လိုက်မိသည်။

"ကားနဲ့မသွားဘူးသခင်..."

"ဒါဆိုဘာနဲ့"

ပြောစကားတောင်မဆုံးသေး ခရမ်းရောင်နဲ့အဖြူရောင်ရောယှက်တဲ့အငွေ့တွေထွက်ပေါ်လာကာ ရိပေါ်ရဲ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားတော့သည်။

မီးခွက်စောင့်ကျန့်ကျန့်[Completed]Where stories live. Discover now