🍓Unicode🍓
မီးခွက်စောင့်ကျန့်ကျန့်လေးကတော့ သခင်ကဆုမတောင်းသေးတာကြောင့် စူပုတ်ပုတ်နှင့်သာ မီနူးမှာပါတဲ့ဟာတွေအားလုံးကိုမှာပစ်လိုက်သည်။
အစားအသောက်တွေကများလွန်းတာကြောင့်စားပွဲနှစ်ဝိုင်းပါဆက်လိုက်ရတဲ့အထိပင်...ရိပေါ်ကတော့အစပိုင်းကဘာမှမဖြစ် ခပ်ပြုံးပြုံးသာဖြစ်သော်လည်း မီးခွက်စောင့်လေးရဲ့ 'ဒါတွေအားလုံးသခင်ရှင်းရမှာ'ဆိုတဲ့စကားကြောင့် ခေါင်းငုံ့ကာသွေးတက်လွန်းလို့ရှူဆေးရှူနေရတော့သည်။
ထိုအချိန်မှာပင်ကြားလိုက်ရတဲ့အသံစွာစွာတွေနဲ့dining roomထဲဝင်လာကြတဲ့ဟိုသကောင့်သားနှစ်ယောက်...ရိပေါ်ကိုမြင်သည်နှင့်သူတို့ဝိုင်းကိုလာထိုင်ကြသည်။
"ရိပေါ်...သားကြီးး အစားအသောက်တွေကများလိုက်တာကွာ...သပိုးနင်နေဦးမယ်"
"အဟွတ်...အဟွတ်"
ဟောက်ရွှမ်းရဲ့စကားကြောင့် မီးခွက်စောင့်လေးမှာ သီးသွားရတော့သည်။ဟောက်ရွှမ်းတစ်ယောက်ကျန့်ကျန့်ရဲ့မျက်စောင်းကိုလည်း လက်ဆောင်ရသွားသေးသည်။
"ဟိတ်ကောင်ရိပေါ်...ဘယ်သူလေးလဲကွ မိတ်ဆက်ပေးဦးလေ"
အစားအသောက်တွေကို ပါးလေးဖောင်းအောင် စားသောက်နေတဲ့မီးခွက်စောင့်လေးကို မေးငေါ့ပြကာမေးလာသူကကျိုးချန်
"ရိပေါ်...အဲ့တာမင်းကောင်လေးလို့တော့လာမပြောနဲ့နော်.."
ဟောက်ရွှမ်းကပါပြောလာတာကြောင့်ရိပေါ်မှာလက်တကာကာနှင့်ငြင်းရတော့သည်။
"မဟုတ်ပါဘူးကွာ...သူကငါနဲ့အသိညီလေးပါ...နမည်က ရှောင်းကျန့်တဲ့"
ရိပေါ်ရဲ့မိတ်ဆက်ပေးမှုအဆုံးမှာကျန့်ကျန့်အနားကို အမြန်ကပ်ထိုင်သွားကြတဲ့ဟောက်ရွှမ်းနဲ့ကျိုးချန်
"ဟီးးး ဒီကညီလေးက ချစ်စရာလေးနော်"
ကျိုးချန်ရဲ့စကားကိုမကြားသလိုနေကာအစားအသောက်တွေဆက်စားနေတဲ့ကျန့်ကျန့်
"ဟို...အစ်ကိုတို့က ခင်ဖို့လည်းကောင်းတယ်...အားကိုးလို့လည်းရတယ်နော်ညီလေးးး"
YOU ARE READING
မီးခွက်စောင့်ကျန့်ကျန့်[Completed]
Fanfictionအာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 End Date ~5.11.2022 _________________________________ အာလာဒင်ရဲ့မီးခွက်စောင့်ဂျီးနီမဟုတ်တဲ့ ဝမ်ရိပေါ်ရဲ့မီးခွက်စောင့်ကျန့်ကျန့်🐰 Start Date~23.8.2022 E...