•1•

1.3K 101 18
                                    

တိတ်ဆိတ်နေသော စားသောက်ဆိုင် တစ်ဆိုင် ဆိုတာထက် သီးသန့်အခန်းကိုငှါးယူထားတာကြောင့် တိတ်ဆိတ်နေတယ်လို့ပြောရမယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကလဲ ဟာအိုက နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်နေလို့လေ။

တရုတ်နိုင်ငံမှာတင်မဟုတ်ပဲ အာရှရဲ့ အချစ်တော်လေးဖြစ်တာကြောင့် ကျန်းဟာအိုဆိုတဲ့ စတားက ကိုးရီးယားကို လျှို့ဝှက်ရောက်နေတာ သတင်းပေါက်ကြားလို့ မဖြစ်ပါ။ လေဆိပ်ဆင်းတာကိုတောင်မှ ဘယ်သတင်းမီဒီယာမှ သိတာမဟုတ်ဘူး။ ပေးလဲ မသိထားပါ

ဟာအို ကိုးရီးယားကို လာရတဲ့အကြောင်းအရင်းက ရုပ်ရှင် ပရော့ဂျက်အကြီး တစ်ခု ကမ်းလှမ်းခံရလို့ပဲဖြစ်သည်။ ဟာအို့ အေဂျင်စီကလဲ လက်ခံလိုက်တာကြောင့်လဲ ပါတာပေါ့။

အစကတော့ ဟာအိုက ငြင်းပါသေးသည်။

ငြင်းသင့်တယ်လို့လဲ ထင်တယ်။ ယောကျာ်းလေးအချစ်ဇာတ်လမ်းတစ်ပုဒ်ကို သူကိုယ်တိုင်ဝင်ရိုက်ဖို့ဆိုတာက ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ။

အဲ့လောက် လက်ခံရိုက်ချင်နေရင် သူဌေး ကိုယ်တိုင် ဝင်ရိုက်လေလို့ ပြောလိုက်ချင်ပေမဲ့ မန်နေဂျာကောင်လေး ချွမ်းရွေ့က တားလို့ မပြောဖြစ်လိုက်ပါ။

ဟာအိုက နာမည်ကြီး တစ်ယောက်၊ ခုခေတ်နာမည်ကြီးနေတဲ့ ၊လူအကြိုက်များဆုံး ယောကျာ်လေးချင်း ချစ်ကြိုက်တဲ့ ဒီလိုဇာတ်လမ်းတွဲ အမျိုးအစားကို ဟာအိုက ရိုက်ကြည့်ပါလား..ဇာတ်ကားပေါက်သွားလို့ ကုမ္ပဏီက ငွေတွေ ရလိုက်မယ့်ဖြစ်ခြင်း။

အေဂျင်စီကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ရာထူးအကြီးအငယ်က အစ ဟာအို လက်ခံဖို့ အတွက် အာပေါက်မတတ်ပြောယူလိုက်ရတယ်။

တစ်ဖက်က သူနဲ့ အတူ တွဲသရုပ်ဆောင်မယ့် အဆိုတော်ကောင်လေးက လက်ခံရဲ့လားလို့ မေးတဲ့အခါ ထိုကောင်လေးဘက်က အကုန် အဆင်ပြေပါတယ်တဲ့လေ။

အများနှင့် တစ်ယောက်ဖြစ်နေတဲ့အခါ သနားစရာဟာအိုကပဲ အရှုံးပေးရပါတယ်။  အခုမှ ဘာလို့ မငြင်းလိုက်ရတာလဲဆိုပြီး စိတ်ထဲ တစ်နုံနုံဖြစ်ခဲ့ပေမယ့် လက်ခံလိုက်ပြီးမှဘယ်တတ်နိုင်ပါ့မလဲ။

𝖮𝖿𝖿 𝖢𝖺𝗆𝖾𝗋𝖺 Where stories live. Discover now