•4•

310 51 7
                                    



ဇာတ်လမ်းထဲမှာ ဂွန်းနုက ဒေါသကိုမထိန်းန်ိုင်ပဲ လူသတ်မိတော့မလ်ိုဖြစ်နေတဲ့ အခန်း။ ထိုအခန်းက အဓိပ္ပာယ်တွေအများကြီးပါတဲ့ အခန်းတစ်ခန်းလဲဖြစ်သလို ၊ဂွန်းနုဆိုတဲ့ ကောင်လေးက ဟာအို့ရဲ့ အရာရာဖြစ်ကြောင်းကို ပိုပေါ်လွင်စေတဲ့အခန်းတစ်ခန်းဆိုလဲ မမှား။

ဟာအိုက ဂွန်းနုကို ဖြောင်းဖျရမှာဖြစ်တဲ့အတွက် ဒိုင်ရာလော့တွေက မှတ်ရတာ ထင်သလောက်လွယ်မနေပါ။ ပြီးတော့ ဂွန်းနုက ဒေါသကိုရှေ့တန်းတင်ပြီး သူတို့နှစ်ယောက်ကြားမှာ ပြဿနာအကြီးကြီးဖြစ်အောင်ဖန်တီးတဲ့ ဗီလိန်ကို လည်ပင်းညှစ်မိတဲ့အထိ ။ဟာအိုရဲ့ဟန့်တားတဲ့ အသံကိုကြားလိုက်တာနဲ့ ဒေါသမျက်လုံးကနေ တစ်ဖြေးဖြေးဒေါသအနည်ထိုင်သွားတဲ့ အကြည့်ကို ပြောင်းရမယ့်အတွက် အခက်ခဲရှိနေပြန်တယ်။

ထိုအခန်းကို သူတို့လေ့ကျင့်နေတာ ဘယ်နှစ်ကြိမ်မြှောက်မှန်းမသိတော့ဘူး။ သရုပ်ဆောင်လောကထဲတောင် တစ်ခါမှမဝင်ဖူးတဲ့ ဂွန်းနုအတွက် ဒါက တော်တော်ဝန်လေးတဲ့challengeတစ်ခုပဲ။ Actingဆရာရဲ့ 'လိုသေးတာ၊အဆင်မပြေသေးဘူး၊' စသဖြင့် မကောင်းတဲ့ဘက်ကို ဦးတည်နေတဲ့ မှတ်ချက်ကြောင့် ဂွန်းနုက မျက်နှာမကောင်းလှ။

ဟာအိုကိုလဲ သူ့ကြောင့် အချိန်တွေလင့်ဟင်းသွားတယ်ဆိုပြီးခဏခဏတောင်းပန်ပါတယ်ပြောနေတာက မဟုတ်သေးဘူးလေ။ ဘာလို့ ဟာအိုကိုခဏခဏတောင်းပန်နေတာလဲ၊လိုမှ မလိုအပ်ပဲကို။

"ကျွန်တော်ပိုကြိုးစားပါ့မယ် ဟာအိုဟျောင်း"

"မဟုတ်ဘူး ငါတို့ အတူတူကြိုးစားရမှာ ဂွန်းနုရဲ့"

"...."

"...ပြီးတော့ ငါတို့ဂွန်းနုဂီလေးက ခုမှ သရုပ်ဆောင်တာ စလုပ်ဖူးတာလေ ဒီလောက်သရုပ်ဆောင်နိုင်တာကိုပဲ ဟျောင်းက အရမ်းချီးကျူးတာ သိလား.."

ဟာအိုက ဂွန်းနုရဲ့ခေါင်းကို လှမ်းပုတ်ပေးတော့ ဂွန်းနုက ဇက်ကလေးပုသွားတယ်။ ဒီဟျောင်းကတော့..ဘာလို့ ရုတ်တရက်ကြီး ကလေးလေးလို လာဆက်ဆံနေရတာလဲ။

ဟာအိုဟျောင်းရဲ့ ဒီခေါင်းပုတ်ပေးတဲ့ အပြုအမူက ဂွန်းနုကို စိတ်သက်သာရာ ရစေဖို့ လုပ်ပေးမှန်းသိပါတယ်။

𝖮𝖿𝖿 𝖢𝖺𝗆𝖾𝗋𝖺 Where stories live. Discover now