"ငါ ဘယ်မှာ စိတ်ဆိုးနေလို့ မင်းက စိတ်ဆိုးတယ် ထင်ပြီး လာချော့နေရတာလဲ!"ဟာအိုက စိတ်ဆိုးရလို့ လေသံမာသွားပြီး ငါ ဆိုတဲ့ အသုံးနူန်းကိုပါ လွှတ်ကနဲ ထွက်သွားမိတယ်။ သူဘယ်နေရာမှာ စိတ်ဆိုးတဲ့ အပြုအမူပြလိုက်လို့ ဂွန်းနုက ချော့မယ်လို့ပြောနေရတာလဲ။ လာချော့ရအောင်လဲ ဂွန်းနုနဲ့ သူက ဘာဆက်ဆံရေးမို့လဲ!
ဒါက ရုတ်တစ်ရုတ် ထွက်သွားတဲ့ ဒေါသ သာ။
"စိတ်ဆိုးနေတာမှန်နေတာပဲကို"
ဂွန်းနုက အပြစ်ကင်းစင်တဲ့မျက်နှာထားနှင့် ကြားရုံမျှအသံလေးနဲ့ပြောနေပုံက ဟာအို့ကို ပိုပြီးဒေါသဖြစ်စေသွားတယ်။
မသိရင် ဟာအိုက လူဆိုးလုံးလုံးကြီးကိုဖြစ်လို့!
"စိတ်ဆိုးနေတာမဟုတ်လို့ ချော့စရာမလိုဘူး"
အခုထက်ထိ ဟာအိုက ဂွန်းနုကို အကြည့်ချင်းမဆုံသေးပါ။ ဒါပေမဲ့ ဟာအိုက မျက်ထောင့်ကနေတော့ ဂွန်းနုကို မသိမသာခိုးကြည့်နေတယ်ဆိုတာ ဂွန်းနုရိပ်မိသား။
ဂွန်းနုက အင်္ကျီအမဲကို ဖြစ်သလိုဝတ်ထားတဲ့ပုံပေါ်နေတာမို့လို့ ဟာအို့ အခန်းထဲက ထွက်ပြီးတာနဲ့ တွေ့ရာ အင်္ကျီကို အမြန်ကောက်ဝတ်ပြီး ဟာအို့ဆီ အမြန်ပြန်လာခဲ့ပုံရတယ်။
"ဒါဆိုလဲ..ကျွန်တော့်ဆံပင်ကိုdryerမှုတ်ပေးလို့ရလား"
ဟမ်! ဟာအိုက မျက်လုံးမျက်ဆံပြူးကာ ဂွန်းနုကို ချက်ချင်းကြည့်ပြီး ကြောင်တောင်တောင်လေးဖြစ်နေရှာတယ်။ ပြီးတော့ သူ့ခေါင်းမှာ အမေး မေးခွန်းတွေ ပြည့်နှက်လာရပြီ။
ဒီကောင်လေးက သူ့လို နာမည်ကြီးသရုပ်ဆောင်တစ်ယောက်က်ို dryerမှုတ်ခိုင်းတယ်ပေါ့! ဘယ်က သတ္တိတွေရှိနေတာလဲ။ ကျန်းဟာအို တ်ို့က သဘောကောင်းတယ်ဆိုပြီး လာ ခိုင်းစားနေသလား။ အဲ့လိုခိုင်းတိုင်း လုပ်ပေးရအောင် ကျန်းဟာအိုတို့က သူ့မန်နေဂျာလဲ ဟုတ်မနေပါ။ အဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူ့မန်နေဂျာဖြစ်တဲ့ ထယ်ရယ့်ကို လုပ်ခိုင်းရမှာမဟုတ်ဘူးလား။
ဒါမှမဟုတ် ပတ်ဂွန်းနုက သူ့ကို မန်နေဂျာလို လာသဘောထားနေတာလား။ စိတ်တိုဖို့ကောင်းလိုက်တာ!