ဂွန်းနု ဒီရက်ပိုင်းအတွင်း အတွေးပေါင်းစုံ ကြောင့် စိတ်ပင်ပန်းမှုရခဲ့တယ်။သူက ဟာအို့ထက်အသက်ငယ်နေတာကြောင့် ၊ကိစ္စတွေ အကုန်လုံးကို မကိုင်တွယ်နိုင်မှာကို ဟာအို့အမြင်မှာ မမြင်စေချင်ပါ။
အသက်ကွာခြားတဲ့ ရည်းစားနှစ်ဦးဆက်ဆံရေးဟာ ထင်သလောက်မလွယ်ကူမှန်း ဂွန်းနုရဲ့မိဘတွေက သက်သေပင်။
အသက်ဆယ်နှစ်ပိုကြီးတဲ့ ဖေဖေနှင့် အသက်ငယ်တဲ့ မေမေတို့ကြားမှာ မတူညီတဲ့ အတွေးအခေါ်တွေကြောင့် ကတောက်ကဆဖြစ်စရမြဲ။ ဒါပေမဲ့ မေမေကို သိပ်ချစ်တဲ့ ဖေဖေက ပဲ ပြန်ချော့ရတာပါပဲ။
သို့ပေမဲ့ ရန်ဖြစ်ပြီဆိုရင် အကြီးအကျယ်ဖြစ်ကြသည့်အခါ ဂွန်းနုစိတ်ညစ်ရသည်။
ဒါတောင် ဟာအိုနှင့် ဂွန်းနု က အသက်အရွယ်က အဲ့သည်လောက်ကွာခြားတာမဟုတ်ပါ။ ငါးနှစ်ကျော်ကွာပေမဲ့ ဂွန်းနုက တွေးပူရသည်။
ဟာအိုကိုချစ်ခွင့်ပန်ပြီးခဲ့သည်ရှိသော် ဟာအိုက ချစ်သူအနေနဲ့တွဲကြဖို့ လက်ခံခဲ့ပါက ဟာအို့ကို စိတ်ညစ်အောင်လုပ်မိမှာကြောက်စိတ်ကရှိပြီးသား။
ပိုဆိုးတာတစ်ခုက သူတို့နှစ်ယောက်က တစ်နိုင်ငံတည်းမှာမှ မဟုတ်တာ။
ရုပ်ရှင်ရိုက်နေတုန်း ချစ်ကြည်တီတူး၊ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံမှာ ခိုး ဒိတ် ...ဒါပဲရှိသည်။
ဂွန်းနုက ဆိုးသွမ်းတဲ့လူမျိုးလဲမဟုတ်ပါ၊ ချစ်တဲ့သူကိုဆိုရင် ဂရုစိုက်ပေးတတ်တဲ့ အကျင့်ကရှိနေပြီးသား။
ထိုအတွေးများတတ်တဲ့ မကောင်းတဲ့ အကျင့်ကသာ ကြားထဲက ဝင်နှောင့်နေတယ်ဆိုတာ ဂွန်းနုကိုယ်တိုင်လဲသိတယ်။
ဂွန်းနုက နဂိုတည်းက အတွေးသမားမို့ ကိစ္စတစ်ခုခုကို မလုပ်ခင် အကြာကြီးတွေးတောတတ်တာကြောင့်။
ဖုန်းကိုလဲ စက်ပိတ်ထားတာကြောင့် ဖြစ်သမျှကိစ္စတွေကိုလဲ မသိတော့ပါ။
ထယ်ရယ်က စိတ်ပူနေမည်ဆိုတာကိုလဲ ဂွန်းနုသိသည်။
ဒါပေမဲ့ အခုချိန်မှာ ဘာဖြေရှင်းချက်ကိုမှ ဖြေရှင်းဖို့ အားမရှိပေ။