ချွမ်းရွေ့ကို ထယ်ရယ်က မနက်အစောကြီး ဖုန်းဆက်လာ၏။ ချွမ်းရွေ့က မနက်ကတည်းက အလုပ်ရှုပ်နေတာမို့လို့ ထယ်ရယ့်ဖုန်းကို မကိုင်လိုက်မိ။ သူတို့နှစ်ယောက်ကြားမှာ ပြောစရာ စကားက သိပ်မှမရှိပဲလေ။ဒီနေ့လည်ဟာအိုဟျောင်းက Sea-gull နာရီဆိုင် ခန်း အသစ်ဖွင့်ပွဲအတန်း ပွဲတက်ရမယ်။ ပြီးရင် ညနေ ၄နာရီမှာ ဆုပေးပွဲတစ်ခုကိုတက်ရမည်။
သူ့အချိန်ဇယားနဲ့သူ အလုပ်လုပ်နေတာမို့လို့ ဟာအိုက ဖုန်းကို မကိုင်အားသလို မန်နေဂျာဖြစ်တဲ့ ချွမ်းရွေ့လဲ မအားပါ။
နာရီဆိုင်ဖွင့်ပွဲကို သွားနေတဲ့ လမ်းမှာ ဟာအိုက သူ့ပရိတ်သတ်တွေနဲ့တွေ့ရတော့မှာမို့ ပျော်နေတာ။ တရုတ်ပြည်က သူ့ပရိတ်သတ်တွေက လဲ သူ့ကို လွမ်းနေမှာပေါ့။
စပွန်ဆာ ပေးထားတဲ့ Sea-gullနာရီကို ပြောင်းကာ လဲဝတ်ဖို့ကိုလဲ မမေ့ပါ။
ဖွင့်ပွဲလုပ်တဲ့ ဆိုင်အရှေ့မှာ လူအုပ်တွေဟာ မနည်းမနော။
သတင်းထောက်တွေလဲရှိသလို ပရိတ်သတ်တွေဟာ အများအပြား။ဟာအိုက ကားပေါ်က အရင်ဆင်းတော့မှာ မို့ ချွမ်းရွေ့က
"ပွဲပြီးမှ တွေ့ကြမယ် ဂရုစိုက်ဦး "
"အွန်း..."
ဟာအိုက လက်ပြရင်း ကားတံခါးဖွင့်ပြီး ဆင်းသွားတာနဲ့ ပရိတ်သတ်တွေရဲ့ ပျော်ပြီး အော်လိုက်တဲ့ အော်ဟစ်သံတွေက ကားထဲ အထိ ကြားနေရသည်။
ချွမ်းရွေ့က ဒါရိုက်ဘာကို 'သွားကြစို့' ဟု ဆိုတော့ ဒါရိုက်ဘာကလဲ အခြားတစ်နေရာမှာ ကားသွားရပ်ဖို့ ပြင်တယ်။
ကားရပ်တော့မှ ဖုန်းထုတ်မိတဲ့ ချွမ်းရွေ့ဟာ တက်လာတဲ့ နိုတီတွေကြောင့် ဖုန်းပေါက်ကွဲသွားမှာတောင် စိုးရသည်။
ကင်မ်ထယ်ရယ် ဆီကနေ ခေါ်ထားတဲ့ ဖုန်းအဝင်တွေ။
ပြီးတော့ မက်ဆေ့တွေကြောင့် ချွမ်းရွေ့ ထ အော်မိသွားတယ်။"WTF!!!"
ဒါရိုက်ဘာက လှည့်ကြည့်တော့
"ဆောရီး..."
ဒါရိုက်ဘာကို ဆက်အာရုံ စိုက် မနေတော့။
ထယ်ရယ်ကို သာ ဖုန်းအမြန်ပြန်ခေါ်လိုက်၏။