မနက်သုံးနာရီမှာ တစ်ရေးနိုးလာရတော့ ငြီးစီးစီးဖြစ်နေပေမဲ့ ပြန်အိပ်ဖို့ကြိုးစားလိုက်ပေမဲ့လို့လဲ ပြန်အိပ်မပျော်တော့တာကြောင့် ဂွန်းနုသက်ပြင်းငွေ့ငွေ့ကို ချကာ ကုတင်ပေါ်ကနေ ထရပ်လိုက်သည်။ ပြီးတာနဲ့ အာဂေါင်စွတ် ရုံ ရေသောက်ရန် မီးဖိုချောင်ထဲကို သွားဖို့အတွက် အခန်းတံခါးဘုကို အဖွင့် မျက်နှာချင်းဆိုင် အခန်းကနေလဲ တံခါးဖွင့်သံကိုကြားလိုက်ရတယ်။ဟာအိုဟျောင်းလဲ နိုးနေတယ်လား!
"ဟင်..ဂွန်းနု"
မပွင့်တစ်ပွင့်ဖြစ်နေတဲ့ မျက်လုံးနှစ်ဖက်ကို လက်တွေနဲ့ ခပ်ကြမ်းကြမ်းပွတ်နေတော့ မျက်လုံးနှစ်ဖက်က နာကုန်တော့မှာပဲ။
"တစ်ရေးနိုးတာလားဟင်"
အသက်ခပ်ရှရှဖြင့်မေးတဲ့ ဟာအိုကို ဂွန်းနုက
"ဟုတ်တယ်..ဟာအိုဟျောင်းရော တစ်ရေးနိုးတာလား"
"အွန်း ဗိုက်လဲဆာလို့!"
ခုမှ နိုးလာတာကြောင့် ဟာအိုရဲ့အသံက နဲနဲ လေးလံပြီး ဩရှရှဖြစ်နေတယ်ဆိုပေမဲ့ ဒါက ဟာအိုရဲ့ နောက်ထပ်ဆွဲဆောင်မှု တစ်မျိုးလို့ သတ်မှတ်လိုက်တယ်။
"နောက်ဖေးမှာ ခေါက်ဆွဲ များရှိမလားမသိ နော်"
နောက်ဖေးကို ကော့တော့ကော့တာ့နဲ့ ဝင်သွားတဲ့ ဟာအိုက
မနေ့ညက ဂွန်းနုနဲ့ မီးဖိုချောင်ထဲမှာ ရုပ်ရှင်အတွက် လေ့ကျင့်ဖို့ အပြန်အလှန်အကြင်နာပေးခဲ့တာကို မေ့သွားပုံရတယ်။ ဒါမှမဟုတ် ခုမှ နိုးတဲ့အတွက် အဲ့ရင်ခုန်စရာအနမ်းကို သတိမရသေးတာလဲ နေမှာပေါ့။ပြောစရာမလိုအောင် ဂွန်းနုက ဟာအိုရဲ့ နောက်ကို ထပ်ကြပ်မခွါလိုက်သွားလိုက်တယ်။
"ဟင် ခေါက်ဆွဲတွေလဲရှိဘူး..ဗိုက်ဆာနေတာကို"
ဟာအိုက မီးဖိုချောင်ထဲက အံဆွဲတွေကို တစ်ခုပြီးတစ်ခု ဖွင်ကြည့်ကာ ဘာမှမတွေ့တော့နူတ်ခမ်းလေးဆူရင်း ဂွန်းနုကို လှည့်ကာ ပြောတယ်။
"မဖြစ်တော့ဘူး နောက်နေ့တွေကျ ခေါက်ဆွဲခြောက်ထုပ်တွေကို ဝယ်ထည့်ထားဖို့ ချွမ်းရွေ့ကို မှာထားရမယ်"