ဟန်မြစ်ရှေ့က နေရာ တစ်နေရာမှာဖြစ်သည်။
ပဲခေါက်ဆွဲနှစ်ပွဲကိုယ်စီရယ်၊ ကိုလာနှစ်ဗူးရယ် က ဘေးမှာချထားတယ်။အနုပညာရှင်တွေမဟုတ်တော့ ၊ချွမ်းရွေ့နှင့် ထယ်ရယ်က မန်နေဂျာတွေပဲဆိုတာ က တစ်ကြောင့် နှစ်ယောက်လုံးက maskတပ်ထားစရာတော့မလို။ ဒါပေမဲ့ ချွမ်းရွေ့ကိုတော့ ဖြတ်သွားတဲ့သူတွေက နှစ်ခါငေးကြည့်သွားကြတာကို ထယ်ရယ် မြင်သားပဲ။
လူတွေများ ခွဲခြား ခွဲခြားနဲ့!ငေးမှတော့ သူ့ကိုလဲ အပါငေးမှပေါ့။
မန်နေဂျာဖြစ်တဲ့သူတို့နှစ်ယောက်က ကွန်ဒိုမှာ ဟိုနှစ်ယောက်ကို ဖြစ်ချင်တာဖြစ်ဆိုပြီးပစ်ထားကာ ဟန်မြစ်ရှေ့မှာ စကားလာဖောင်ဖွဲ့ခြင်း။
သွားရအောင်လ်ို့စခေါ်တဲ့သူက ထယ်ရယ်၊ ပြီးတော့ ချွမ်းရွေ့လို တရုတ်ကောင်က ဟန်မြစ်ရှေ့မှာ ထိုင်ပြီး လေတစ်ဟူးဟူးနဲ့ ပဲခေါက်ဆွဲစားရတဲ့ အရသာကို သိမှာမဟုတ်ဘူးလေ။ ဒါကြောင့် ကိုးရီးယားကို ရောက်တုန်းရောက်ခိုက်မှာ ထိုဖီလ်လင်ကို သိရအောင်ဆိုပြီး မရရအောင် ခေါ်လာတာဆ်ိုပါတော့။
"ခေါက်ဆွဲ ပွသွားဦးမယ် စားတော့"
ထယ်ရယ်က ပြောလဲပြောရင်း ပဲခေါက်ဆွဲဗူးအပေါ်မှာအုပ်ထားတဲ့ ပလတ်စတစ်ကို ခွါချလိုက်သည်။ ပူးကပ်နေတဲ့ တူကိုလဲ ခွါလိုက်ပြီး အငွေ့တစ်ထောင်းထောင်းထနေတဲ့ ပဲခေါက်ဆွဲကိုမွှေပြီးမှ တစ်ဟူးဟူးမှုတ်ကာ အလုတ်ကြီးကြီးစားလိုက်တယ်။
"ဝါး..အခုမှပဲ ဗိုက်ထဲ အစာဝင်တော့တယ်"
ထယ်ရယ်က သူစားချင်တာစားလိုက်ရလို့ ကျေနပ်နေတဲ့ အသံနဲ့ အတူ သူ့ဟာသူ ပြောလိုက်တယ်။ ပြီးတော့ ပဲခေါက်ဆွဲကို မထိတစ်ထိမွှေနေတဲ့ ချွမ်းရွေ့ကို တစ်ချက် စောင်းငဲ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်တယ်။
"မစားသေးပဲ ဘာလုပ်နေတာလဲ မကြိုက်လို့လား"
ထယ်ရယ်ရဲ့ အမေးကို ချွမ်းရွေ့က ခေါင်းအရင်ခါပြပြီးမှ
"မဟုတ်ပါဘူး ဗိုက်သိပ်မဆာလို့"
"အံမယ် မင်းလို အစားသောင်းကျန်းတဲ့သူက ဗိုက်မဆာဘူးဆိုတော့ နဲနဲထူးဆန်းသွားပြီ"