*ဒုန်း*ကျန်းဟာအိုက ရစ်ခီရှန်ကို အကြီးအကျယ် စိတ်ဆိုးနေပါသည်။
ခပ်ကြမ်းကြမ်းအရွဲ့တိုက်ပြီး တမင်ဆူညံအောင်ပိတ်လိုက်တဲ့ တံခါးကတော့ သက်ရှိသာဆိုရင် ဟာအိုကို ဆူပူလိမ့်မှာ အသေအချာ။
ပြီးတော့ ပါကေးခင်းထားတဲ့ကြမ်းပြင်ကိုလဲ ခြေထောက်နဲ့ ဆောင့်ပစ်လိုက်သေးသည်။
ရစ်ခီက ကိုးရီးယားကို ပြန်ဖို့ လေယာဉ်လက်မှတ်ကိုမဝယ်ပေးတဲ့အပြင် ဟာအို့ရဲ့ဖုန်းကိုရော အိုင်ပတ်ပါမကျန်၊လက်ပ်တော့ကိုပါ ရစ်ခီက သိမ်းသွားတာကတစ်ကြောင်း။
ကိုးရီးယားကိုအကြောင်းမရှိပဲမပြန်ရ ဆိုတဲ့ အမိန့်ပေးသွားတဲ့လေသံက ဟာအိုရဲ့ အုပ်ထိန်းသူတစ်ယောက်လိုမျိုး။
တစ်ဘက်ခါပြုလုပ်မယ့် ဖန်မီတင်ကိုလာမယ့်ပရိတ်သတ်တွေကိုရော ဘယ်လိုလုပ်မှာလဲဆိုတဲ့ ရစ်ခီရဲ့ ဆူပူမှုက ဟာအို့ကို ငေးငိုင်သွားစေတာ။
အကြောင်းရှိလို့ပြန်တာလေ...သူ ဂွန်းနုကိုသွားတွေ့တာက အကြောင်းပြချက်မဟုတ်လို့ဘာလဲ။
ဒါပေမဲ့ နှလုံးသားနဲ့မတွေးပဲ...ဦးနှောက်နဲ့တွေးပြန်ရင်လဲ သူ့ကိုချစ်ပေးတဲ့ ပရိတ်သတ်တွေကို အားနာရလွန်းတယ်မဟုတ်လား။ သို့ပေမဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ဂွန်းနုကိုလဲ အပြေးသွားတွေ့.....ဟား...တကယ်စိတ်ညစ်မိပြီ။ကျန်းဟာအိုက တကယ်စိတ်လဲတိုနေတာ။
ရစ်ခီ့ကို ဖြစ်နိုင်ရင် နုတ်နုတ် ခုတ်ပြီးတော့တောင် စင်းချင်စိတ်ကတစ်ဖွားဖွား။ အခုချိန်မှာ အပြစ်မရှိအပြစ်ရှာချင်နေတဲ့အတွက် မျက်လုံးထဲပေါ်လာသမျှ အရာအားလုံးကို အပြစ်ပြောနေမှာပဲ။
ဘာလို့များ...သူ့အချစ်ရေး မှာ အနှောင့်အယှက်တွေကရှိနေရတာလဲ။ ဂွန်းနုနဲ့ဝေးကွာနေရတဲ့အချိန်က သူ့အတွက် နှစ်တစ်ထောင်တောင်ရှိနေပြီလို့ ဘာလို့ခံစားနေရတာလဲ။
နှောင့်ယှက်တဲ့လူတွေ ဝဋ်မလည်ကြပါစေနဲ့လို့ ဟာအို အကျင့်ယုတ်ပြီးဆုတောင်းချင်မိ၏။
ဂွန်းနုရော...အဆင်ပြေပြေရှိနေပါ့မလား။
အင်းလေ...ဘယ်အဆင်ပြေပါ့မလဲ။