ထယ်ရယ်က မနက်စာစားဖို့အတွက်တော့ ပြင်ပေးပါတယ်။ ဒါပေမဲ့ ဂွန်းနုကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး သူ့ပန်းကန်လုံးနဲ့ တူကို ယူပြီး ချွမ်းရွေ့ဘေးနား ကပ်ကာ သွားထိုင်လိုက်တယ်။ သူ့စိတ်ထဲမယ် ဂွန်းနုက အခုထိမုဒ်ဝင်လို့ကောင်းနေသေးတယ်လို့ ထင်နေတုန်း။အိုက်ဂူး..တွေးကြည့်ရုံနဲ့တင် လည်ပင်းက ယားလာသလိုလို၊အစ်လာသလိုလို။
တော်ပြီ! ပတ်ဂွန်းနုရဲ့ မန်နေဂျာ ရာထူးကနေ နုတ်ထွက်မယ်။
တစ်ယောက်ထဲ စိတ်ထဲမှာ စကားပြောလိုက်၊ မျက်နှာကလဲ ရှုံ့မဲ့လိုက် လုပ်နေတဲ့ ထယ်ရယ်ကို ဂွန်းနုနှင့် ဟာအို က ကြည့်ပြီး ရယ်လဲရယ်ချင်သလို မရယ်လဲ မရယ် ရက်ပါ။
ဂွန်းနု အဲ့အခန်းကို သရုပ်ဆောင်နိုင်သွားလို့ ဝမ်းသာပေမဲ့ ထယ်ရယ်ကတော့ လန့်သွားပုံပါ။
အင်းပေါ့လေ...တစ်ချိန်လုံး rapသီချင်းတွေရေးပြီးဆုတွေတက်သိမ်းလာတဲ့ ဂွန်းနု က ဒီလိုရုတ်တရက်ကြီး သရုပ်ဆောင် ကောင်းနေတော့ ထယ်ရယ်တို့ လန့်ပြီပေါ့။
ဂွန်းနုက သောက်လက်စ နို့ကို ချထားပြီး ထယ်ရယ်ကို တောင်းပန်စကားပြောဖို့ပြင်လိုက်တယ်။
"ဟျောင်းရာ..တောင်းပန်ပါတယ်လို့..ကျွန်တော် မနေ့ညက တစ်အားမုဒ်ဝင်သွားတာပါဆို..နော် နော် စိတ်မဆိုးပါနဲ့ ထယ်ရယ်ဟျောင်းရဲ့....အမှန်ဆို ပျော်နေပေးသင့်တယ်မဟုတ်လား..ကျွန်တော် ခက်ခက်ခဲခဲ အဲ့အခန်းကို သရုပ်ဆောင်ထားရတာကို.."
ဂွန်းနုက ထိုင်နေရာကနေ ထပြီး စားပွဲရဲ့ တစ်ဖက်မှာထိုင်နေတဲ့ ထယ်ရယ့်ဆီကို သွားပြီး လက်မောင်းကို လှုပ်ကာ ထယ်ရယ်စိတ်ဆိုးနေသေးတဲ့အထင်နဲ့ ပြန်ရှင်းပြနေပုံက တောင်းပန်နေတာမတူပဲ..ချော့နေတဲ့ ပုံစံနဲ့ တူတယ်ဆိုတာ ဘာလို့ ဟာအို့စိတ်ထဲ ခံစားနေရတာလဲ။
ပြီး..ပြီးတော့..ဂွန်းနုက ထယ်ရယ်နဲ့ ဆို နည်းနည်း ကလေးဆန်တယ်ပြောရမလား၊ သူ့ရဲ့ ပုံစံအမျိုးမျိုးကို ထယ်ရယ်ရှေ့မှာ ချပြပြီး ပေါ့ပေါ့ပါးပါး လိုနေတယ်။ ဒါပေမဲ့ ဂွန်းနုဂီက သူ့ရှေ့မှာဆို ခပ်တည်တည်နေပြီး အပြုံးက ပြုံးတော့ ပြုံးပါရဲ့ ၊အခုစိတ်အခြေနေနဲ့ဆိုရင် ဂွန်းနု သူ့ကို ပြုံးပြခဲ့တာတွေက ဟန်ဆောင် အပြုံးကြီးလို့ တောင်ခံစားလာရပြီ။