ကိုးရီးယားကို တိတ်တိတ်လေးလာပြီး တိတ်တိတ်လေးပြန်ရတော့ဖို့ အတွက် အသင့်ဖြစ်နေပြီ။
တာဝန်ရှိသူတွေမှအပ ဟာအို ကိုးရီးယားမှာ ဒီတစ်လလုံးရှိနေခြင်းကို ပရိတ်သတ်တွေက မရိပ်မိကြပါ။မရိပ်မိအောင်လဲ အရင်ကရိုက်ထားတဲ့ ဆယ်ကာတွေကို သတိရရင် ရသလို ချွမ်းရွေ့က အစား တင်ပေးတတ်တာ ကျေးဇူးတင်ရမည်။
ပြီးတော့ ဟာအို ကိုးရီးယားမှာရှိနေတယ်လို့ မထင်ရအောင်လဲ တာဝန်ရှိသူတွေက မူမပျက်ပဲ တစ်ခွန်းမှ မဟကြ။ ဒါကြောင့်မို့လဲ ဟာအိုတို့ကို သီးသန့်ကွန်ဒို ငှါးပေးထားတာပေါ့။
ညဘက်လေယာဉ်ဖြစ်ပေမဲ့လဲ သတင်းနှိုက်တဲ့သူရှိနေမလားဆိုတဲ့ စိုးရိမ်စိတ်တော့ရှိပါရဲ့။
မနက်ကတည်းက မှိုင်နေတဲ့ ဟာအိုကို ချွမ်းရွေ့က စသေးသည်။ ကိုးရီးယားမြေက ခေါက်ဆွဲတွေကို အခုကတည်းက လွမ်းနေပြီပေါ့..ဟု၍။ ထိုသို့ စတော့ ဟာအို့ဆီက မျက်စောင်းလှလှလေးတစ်ခုကိုရရှိလိုက်သည်။
တကယ်တော့ ဟာအိုဟာ ဂွန်းနုကြောင့် ခံစားချက်တွေမူမမှန်၊ အနည်မထိုင်သွားပဲ ပိုဆိုးလာတာကို ချွမ်းရွေ့ သိသားပဲလေ။ ဟာအိုက အရင်စကြိုက်မိတဲ့သူ...ဒါကို ဘေးလူဖြစ်တဲ့ ချွမ်းရွေ့က အရင်ကတည်းက သတိထားမိပြီးသား။ ကြိုက်ရင် တစ်ဖက်လူသိအောင် အနည်းဆုံးတော့ ဖွင့်ပြောသင့်တာပေါ့လို့ ဟာအို့ကိုပြောချင်ပေမဲ့ ဟာအိုက အဲ့လိုနေရာတွေမှာ ဘယ်လောက် မာနကြီးလိုက် သလဲဆိုတာကို ချွမ်းရွေ့က အသိဆုံးပဲပေါ့။
ဂွန်းနုဆိုတဲ့ တစ်ယောက်ကိုလဲ ချွမ်းရွေ့ စိတ်တိုမိပါသည်။ ဟာအိုလို ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တစ်ယောက်ရဲ့ ကြိုက်တာကိုလဲ ခံရသေးတယ်..ဒင်းက သိတာလား၊ မသိချင်ယောင်ဆောင်နေတာလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပေါ့။
ထားပါတော့..အဲ့ဒါက သူတို့ကိစ္စ၊ရှန်ချွမ်းရွေ့ ကိစ္စမဟုတ်။
သူကိုယ်တိုင်ကလဲ ပြန်ရတော့မှာဆိုတော့ သိမ်းလက်စ အဝတ်တွေကို ညနေအမှီဆက်သိမ်းရဦးမည်။ ဒါပေမဲ့ လူခေါ်ဘဲလ်အသံကြားတော့ အခန်းထဲက ထွက်ကာ ဖွင့်ပေးလိုက်တော့ ထယ်ရယ်! ကင်မ်ထယ်ရယ်...!