We met again!

467 18 0
                                    

ဒုတိယအကြိမ် အပြင်မှာတွေ့တဲ့နေ့ပေါ့...
ဆေးခန်းမှာ ဆေးတူတူစစ်ကြတာလေ...
EPCဆိုလားဘာလား အဲ့ဒါရိုက်ရမယ်ဆိုလို့
nurseမလေးက အကျီချွတ်ခိုင်းတာ🙈
အစ်မရှေ့မှာမို့ ရှက်လိုက်တာဆိုတာလေ...
အစ်မက အလိုက်တသိနဲ့မျက်နှာလွှဲထားပေလို့ပေါ့...

အဲ့နေ့က အစ်မကမုန့်တူတူစားချင်တာ
ကံမကောင်းချင်တော့ တခြားသူတွေပါရှိနေတော့ မစားဖြစ်လိုက်ဘူး
အစ်မကစိတ်ကောက်တော့ ညီမကတိတောင်ပေးခဲ့ရသေးတယ် "နောက်တခါဆိုရင်တော့ တူတူစားဖြစ်အောင်စားမယ်"လို့...
အဲ့ကတိ အခုထိမတည်နိုင်သေးလို့ တောင်းပန်ပါတယ်...
တနေ့နေ့တော့ အစ်မနဲ့နှစ်ယောက်အတူတူ ကော်ဖီဆိုင်လေးထိုင်နိုင်ဖို့ စီစဉ်နေတာမို့ ခနလောက်ပဲစောင့်ပေးပါနော်❣️

အပြန်တစ်ယောက်တည်းဖြစ်နေလို့ အဖော်လာတဲ့အချိန်ထိ အစ်မလိုက်စောင့်ပေးသေးတယ်လေ...
အစ်မက ညီမကို အရမ်းဂရုစိုက်တယ်နော်...
အဲ့ဒီဂရုစိုက်မှုတွေရဲ့ နောက်ကွယ်မှာ ညီမမျှော်လင့်ထားသလို အချစ်တွေမှရှိရဲ့လား စိတ်ပူမိတယ်...

ပြန်စဉ်းစားကြည့်ရင် အဲ့နေ့ကစပြီး အစ်မကိုချစ်မိသွားတယ်နဲ့တူပါရဲ့...
ညီမအဲ့အချိန်တုန်းကတော့ သတိမထားမိခဲ့ဘူး
အပြန်လမ်းတလျှောက်လုံး ‌လမ်းလျှောက်ရတာမောလို့ ရင်တွေတုန်နေတယ်ထင်ခဲ့တာပေါ့...

အစ်မ (သို့) "မ"Where stories live. Discover now