The End

353 14 2
                                    

အဖြစ်အပျက်အားလုံးက မနေ့တစ်နေ့ကလိုပါပဲ
ဒီနေ့ကတော့ တော်တော်လေးထူးခြားတယ်
အစ်မ fbမှာ rsချိတ်လိုက်တဲ့ အမှတ်တရနေ့လေးပေါ့
တကယ့်ကိုကမ္ဘာပျက်သလိုပါပဲ
ရင်တွေကွဲကြေသွားလိုက်တာဆိုတာ ‌အသက်တောင်ရှူလို့မရဘူးပဲ
တင်ထားတဲ့အချိန်ကိုကြည့်တော့ 14hrs agoတဲ့
ညထဲက တင်ထားခဲ့တာကိုး
ညီမမသိလိုက်ဘူး မသိလိုက်တာကံကောင်းပါတယ်
မဟုတ်ရင် ဒီနေ့သင်တန်းမှာ အစ်မရှေ့ရောက်ရင် ဘာမှမဖြစ်သလိုနဲ့ ပြုံးပြနိုင်မှာမဟုတ်လောက်ဘူး

ဒါပေမယ့် မနက်ဖြန်လည်းထပ်တွေ့ကြရဦးမှာပဲမဟုတ်လား
အခုချိန်ထဲက စိတ်ကိုပြင်ဆင်ထားရတော့မယ်
အစ်မရှေ့မှာမငိုမိအောင် ဘာမှမခံစားရသလိုပြုံးပြနိုင်အောင်
အရင်ကလိုပုံစံနဲ့ပဲ အစ်မဘေးမှာနေနိုင်အောင်
ညီမ လုပ်နိုင်သမျှအကုန်လုပ်မှာပါ
မှတ်မိလား အစ်မကိုကတိပေးထားတယ်လေ
အစ်မစိတ်ပင်ပန်းစေမယ့်အရာမှန်သမျှမလုပ်ပါဘူးလို့
အစ်မကို မျှော်လင့်ချက်မထားပါဘူးလို့
ရှေ့ဆက်မတိုးပါဘူးလို့
အဲ့ကတိ‌တွေကို ဆက်ဆက်တည်ပါ့မယ်
အစ်မကြောင့်ဆိုတဲ့အတွေးတွေမ၀င်အောင်
ညီမ ကြိုးစားပြီးအရင်ကလိုမျိုးပဲနေပေးမှာပါ

ဒါပေမယ့်လေ တစ်ခုတော့ညီမကိုခွင့်ပြုပေး
အစ်မကွယ်ရာမှာတော့ စိတ်တိုင်းကျပြိုလဲခွင့်ပေးပါ
အစ်မမသိအောင် အရက်တွေခိုးသောက်ခွင့်ပေးပါ
အစ်မမသိအောင် ငိုခွင့်လေးပေးပါ
အဲ့ဒါတော့ရတယ်မလားဟင်?

တစ်ခုတော့၀မ်းသာမိတယ်
Rsချိတ်ထားတဲ့သူက အစ်မရည်းစားဟောင်းတော့မဟုတ်ဘူးထင်ပါရဲ့
သူဖြစ်နေမယ်ဆိုရင်တော့ အစ်မကိုဒဏ်ရာတွေထပ်ပေးနိုင်တာမို့ ညီမစိတ်အေးရမှာမဟုတ်ဘူး
အခုတွဲနေတဲ့သူကတော့ အစ်မကိုပျော်ရွှင်စရာတွေချည်းပေးတဲ့သူဖြစ်မှရမယ်
ညီမရဲ့ကံကောင်းခြင်းတွေအကုန်ပေးမှာမို့လို့
အခုချိန်ကစပြီး နေ့ရက်တိုင်းကိုပျော်ပျော်ပဲနေပေးပါ
နော် အစ်မ....

ဒီတခေါက်က နောက်ဆုံးစာလို့ထင်ခဲ့ပေမယ့်
အစ်မနဲ့ပတ်သက်တဲ့ခံစားချက်တွေက ကုန်သွားမှာမဟုတ်လို့
သတိရတိုင်း စာတွေလာရေးဖြစ်နေဦးမယ်ထင်ပါတယ်

အစ်မ (သို့) "မ"Where stories live. Discover now