First Date

240 10 2
                                    

ညီမ ဒီနေ့အရမ်းပျော်တယ် အစ်မ

မနက်ကနေ ညနေအထိ တနေ့လုံးသင်တန်းတက်ရပေမယ့်
အစ်မကိုတွေ့ချင်တဲ့စိတ်က ပင်ပန်းလို့အိမ်ပြန်ချင်တဲ့စိတ်ထက် ပိုကြီးနေခဲ့တယ်
အရဲစွန့်ပြီး အလုပ်ကအပြန်တွေ့လို့ရမလားလို့ ဖုန်းဆက်မေးကြည့်ခဲ့တာ... တကယ်တော့မရလောက်ဘူးလို့တောင်တွေးထားခဲ့တာပါ
အစ်မဆီက "တွေ့မယ်လေ"ဆိုတဲ့စကားတခွန်းက
ညီမအတွက် ဘယ်လောက်တောင်တန်ဖိုးရှိလဲဆိုတာ
အစ်မ ရိပ်တောင်မရိပ်မိလောက်ပါဘူး

အစ်မကိုစောင့်နေတဲ့အချိန်အတွင်း ဘယ်လိုစကားတွေပြောရမလဲ ဘာလုပ်ရမလဲ
အစ်မနဲ့အတူ ဘယ်ဆိုင်မှာစားရင်ကောင်းမလဲ
အစ်မရှေ့မှာ ကြည့်ကောင်းအောင်ဘယ်လိုနေရမလဲဆိုတာပဲ
စဉ်းစားနေခဲ့တာ...
ညီမက အစ်မနဲ့ပတ်သက်ရင် ရူးကိုရူးတာပါ

ကားပေါ်ကနေ ဖျက်ခနဲမြင်လိုက်ရတဲ့ ပုံရိပ်ကြောင့်
အရှေ့ကလူတွေကိုတောင်တွန်းပြီး ကားပေါ်ကပြေးဆင်းမိတယ်
အစ်မရှေ့မှာတည့်တည့်ရပ်လိုက်တော့ ပြုံးပြလာတဲ့အစ်မက
အရမ်းကိုနွေးထွေးနေခဲ့တယ်
ညီမလက်ကိုဆုပ်ကိုင်ပြီး ကားလမ်းကူးတော့
ညီမအပြုံးတွေတောင် ရပ်တန့်လို့မရခဲ့ဘူး
ညီမက အစ်မနဲ့ဆိုရင် အရင်ကရော အခုရော တူတူပဲ
ဘာမှမပြောင်းလဲသေးဘူး
အဲ့လိုပဲ အစ်မလည်း မပြောင်းလဲသေးပါဘူး...

ပထမဆုံးအကြိမ် အစ်မနွှာပေးတဲ့ပုဇွန်ကိုစားရတာ
လူက ဘယ်လောက်တောင်အူမြူးနေလဲဆိုတာ သိရဲ့လား?
ညီမနဲ့အတူ ဘေးချင်းကပ်ရပ်ထိုင်ပြီး အစ်မကိုငေးကြည့်နေရတာ ဘယ်လောက်တောင်စိတ်အပန်းပြေလဲဆိုတာရော သိလား?
အစ်မနဲ့ဘတ်စ်ကားတိုးစီးပြီး နီးနီးကပ်ကပ်ရှိနေရတာ
လူကဘယ်လောက်တောင် ရင်ခုန်နေလဲဆိုတာသိရဲ့လား?
မေးရင်လည်း သိရင်တောင် မသိချင်ယောင်ဆောင်နေဦးမှာပဲမလား?

အစ်မ အိမ်ကိုဘေးကင်းကင်းပြန်ရောက်အောင် ကားဂိတ်ကို
ကိုယ်တိုင်လိုက်ပို့ချင်ပေမယ့် အရမ်းနောက်ကျနေပြီမို့
ကားဂိတ်အထိ တက္ကစီပဲငှားပေးလိုက်ရတယ်
ဒါပေမယ့်လည်း စိုးရိမ်နေရသေးတယ်လေ
အခုခေတ်ကစိတ်ချရတာမှမဟုတ်တာ
အိမ်ပြန်ရောက်ခါနီး အစ်မဆီကဖုန်း၀င်လာတော့မှ
လူက သက်ပြင်းချနိုင်တော့တယ်

ဘာပဲဖြစ်ဖြစ် ဒီနေ့အရမ်းကိုပျော်ခဲ့ရတယ်သိလား အစ်မ
ကျေးဇူးပါနော် ပင်ပန်းတဲ့ကြားထဲက ညီမအတွက်အချိန်ပေးခဲ့လို့ 
ချစ်တယ် အစ်မ...
အစ်မဘက်က ပြန်ချစ်ပေးဖို့မလိုဘူးဆိုတာ သိတယ်မလား?
အဆင်ပြေနေတဲ့အချိန် ကိစ္စမရှိပေမယ့်
တခုခုအဆင်မပြေတဲ့အချိန်ကျရင်တော့ ညီမဆီဆက်သွယ်ရမယ်နော်
ညီမ ဘယ်မှမသွားဘဲ ဒီနေရာမှာပဲရပ်နေမယ်👣

အစ်မ (သို့) "မ"Where stories live. Discover now