The Last

565 16 2
                                    

ဒီစာက ညီမရဲ့နောက်ဆုံးလက်ကျန်အင်အားနဲ့
ရေးခဲ့တဲ့စာဖြစ်ပါလိမ့်မယ်

ဖုန်းကောလ်လေးတစ်ခုက ညီမကိုအဲ့လောက်တောင်နာကျင်စေနိုင်မှန်း မတွေးခဲ့မိဘူး
"အစ်မ အိမ်မပြန်တော့ဘူး" တဲ့
စကားတစ်ခွန်းထဲနဲ့ အဓိပ္ပါယ်အများကြီးကို
ညီမနားလည်လိုက်ပါတယ်
အစ်မဘေးမှာရှိနေတဲ့သူကို အစ်မချစ်လားမသိပေမယ့်
ညီမအတွက်ကတော့ အစ်မကိုတစ်စုံတစ်ယောက်လက်ထဲ
ထည့်ပေးဖို့ကို အဆင်သင့်မဖြစ်သေးဘူးနဲ့တူပါရဲ့
၀န်ခံပါတယ် အဲ့အချိန်တုန်းကခံစားခဲ့ရတဲ့ခံစားချက်က
ညီမဘ၀မှာ အနာကျင်ရဆုံးဖြစ်မယ်ထင်တယ်
အဲ့ဒါတောင်မှ အစ်မအဆင်ပြေရဲ့လားလို့ တဖွဖွမေးနေမိတုန်း

"မငိုနဲ့" ဆိုတဲ့စကားနောက်မှာ ညီမရှိုက်သံတွေကိုအဆုံးသတ်လိုက်ပေမယ့်
ဒီဖုန်းကိုချပြီးရင်တော့ အားရပါးရငိုမိမယ်ထင်ပါတယ်
မငိုစေချင်ရင် ငိုအောင်မလုပ်ခဲ့ရမှာ
အရာအားလုံးဖြစ်ပျက်ပြီးချိန်မှာတော့ ညီမငိုရပါစေ နော်

ပြေးတွေ့ချင်တယ်
ညီမနဲ့ ပြန်လိုက်ခဲ့ပါလို့ပြောချင်တယ်
အိမ်ပြန်လို့မရဘူးလားလို့ မေးချင်တယ်
တကယ်လည်း မေးလိုက်မိတယ်
"သူက ပြန်လွှတ်မှာမဟုတ်ဘူး" တဲ့
မမေးဖြစ်ခဲ့တဲ့ မေးခွန်းက
"အစ်မကရော ပြန်ချင်ရဲ့လား?"

ဒီည အိပ်ပျော်မယ်မထင်ဘူး
ယောက်ျားလေးတစ်ယောက်နဲ့ တစ်ခန်းထဲမှာ အတူရှိနေမယ့်
အစ်မကို တွေးလိုက်ရင် ရူးမတတ်ဘဲ
ဘာမှလည်းမလုပ်နိုင်ဘူး ဘာမှလည်းလုပ်ခွင့်မရှိဘူး
တစ်ခုတော့ သိလိုက်ရတယ်
ဒီကြားထဲ အစ်မမရှိလည်းအဆင်ပြေလာပြီဆိုတဲ့အသိက
မှားနေခဲ့တာပဲ

ဒါပါပဲလေ
တစ်ဖက်တည်းကပဲဆိုရင် ဒီလိုပဲအဆုံးသတ်ကြတာပါပဲ
အကယ်၍များ ဒီစာကိုဖတ်နေတဲ့သူတွေများရှိခဲ့ရင်
လူတစ်ယောက်ကို ကိုယ့်ဘက်ကစမချစ်မိပါစေနဲ့
ချစ်မိသွားခဲ့ရင်တောင် စူးစူးနစ်နစ်ဖြစ်မသွားပါစေနဲ့
ဒီဘ၀မှာ ဒီလိုနာကျင်မှုမျိုးခံစားရတဲ့သူက
ကျွန်မနောက်ဆုံးဖြစ်ပါစေ
အားလုံး ကိုယ်ချစ်တဲ့သူနဲ့ပေါင်းဖက်နိုင်ပြီး ပျော်ရွှင်နိုင်ကြပါစေ
လူဖြစ်ခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် လောကကြီးရေ

အော် မေ့တော့မလို့
ပျော်ပျော်ရွှင်ရွှင်နေသွားပေးပါ အစ်မရေ
နောက်ဘ၀ကျရင်တော့ ညီမကိုရွေးချယ်ပေးဖို့မျှော်လင့်တယ်

You've reached the end of published parts.

⏰ Last updated: Aug 06, 2023 ⏰

Add this story to your Library to get notified about new parts!

အစ်မ (သို့) "မ"Where stories live. Discover now