She has someone🕳️

297 15 0
                                    

အားလုံးအဆင်ပြေသွားမှာပါလို့ထင်နေခဲ့ပေမယ့်
မုန်တိုင်းမကျခင် လေငြိမ်နေတယ်ဆိုတာမသိခဲ့ဘူး
တစ်ရက် ဖုန်းပြောနေကြရင်း ညီမကိုပြောလာတဲ့စကားလေး
အစ်မမှာ ချစ်သူရှိနေပြီတဲ့
ဘာမဟုတ်တဲ့စကားလေးတခွန်းပေမယ့်
ညီမအကြောက်ဆုံးစကားဆိုတာ အစ်မသိရဲ့လား?
တနေ့နေ့တော့ ဒီလိုဖြစ်လာမယ်ဆိုတာကြိုတွေးထားမိပေမယ့်
တကယ်ဖြစ်လာတဲ့အခါ ရင်မဆိုင်နိုင်ဘူးပဲ
အစ်မကတော့ အစ်မပြောနေကျစကားလေးပဲ‌ထပ်ပြောတယ်
"တို့နှစ်ယောက်က ဘာမှမပြောင်းလဲသွားပါဘူး"တဲ့...

စိတ်မကောင်းမဖြစ်စေချင်လို့ ကိုယ့်ကိုကိုယ်ထိန်းပြီး
ရယ်ရယ်မောမောပြန်ပြောနေပေမယ့်
နာကျင်ရလွန်းလို့ အသံတွေတုန်သွားတဲ့အခါ
အစ်မကရိပ်မိသွားလို့ထင်ပါရဲ့ နှစ်သိမ့်ရှာတယ်
ဒါပေမယ့် အစ်မသိလား?
တချို့သောအရာတွေက နှစ်သိမ့်မှုနဲ့မလုံလောက်ဘူးဆိုတာ...

အသည်းကွဲတယ်ဆိုတာကလေ ဘယ်လိုမှန်းညီမမသိဘူး
ဒါပေမယ့် အခုညီမရင်ထဲက ဆစ်ကနဲနာနာနေတာပဲရှိတာ
တစ်ခါနာတိုင်း မျက်ရည်တစ်ချက်ဝဲတက်လာတယ်
မျက်ရည်တွေကို ပါးပြင်ပေါ်ကျမလာခင် သုတ်ပစ်လိုက်ချင်ပေမယ့် လက်တွေကအားမရှိပြန်ဘူး
ဒီညတော့ အိပ်မပျော်လောက်ဘူးထင်ထားပေမယ့်
ထိုးကိုက်လာတဲ့ခေါင်းရဲ့နာကျင်မှုကို သည်းမခံနိုင်တဲ့အဆုံးမှာ ညီမအိပ်ပျော်နိုင်ခဲ့တယ်
အော်... လူတစ်ယောက်ချစ်ရတာ ပင်ပန်းလိုက်တာ🍁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အစ်မ (သို့) "မ"Where stories live. Discover now