Sisters??

377 18 0
                                    

ညီမတို့သင်တန်းတူတူတက်ဖြစ်ခဲ့ပြီ...
အခက်အခဲတွေမျိုးစုံဖြတ်ကျော်ရင်းနဲ့ပေါ့...
အစ်မနဲ့သင်တန်းတူတူတက်ရဖို့အရေး
အနှောင့်အယှက်တွေအများကြီး၀င်ခဲ့ပေမယ့်
ညီမတို့ ကျော်လွှားနိုင်ခဲ့တယ်နော်...
ကံကြမ္မာက သိပ်ဆန်းကြယ်တာသိလား...
ညီမကို အစ်မနားကို မရောက်ရောက်အောင် တွန်းပို့ခဲ့တာ
ညီမကိုယ်တိုင်က ဆန္ဒရှိခဲ့လို့လည်းပါတာပေါ့...

ညီမတို့ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြတယ်...
ညီအစ်မတွေ စနောက်နေကြ ဟာသမျိုးတော့မဟုတ်ခဲ့ဘူး
တစ်ယောက်နဲ့တစ်ယောက် သ၀န်တိုကြတယ်...
ဖုန်းတွေ အကြာကြီးပြောကြတယ်
တစ်ခါပြောရင် နှစ်နာရီလောက်ကြာသွားတဲ့နေ့တွေ...
အဲ့ဒါတောင် ညီမလေးတဲ့လား အစ်မရယ်....

အတူတူရှိရင် အလိုလိုနေရင်းနဲ့ပျော်နေမိတာ...
အသံလေးကြားရရင်တောင် ရင်တွေပေါက်ကွဲမတတ်ဖြစ်တာ
နေမေကာင်းနည်းနည်းလေးဖြစ်ရင်တောင်
စိုးရိမ်လွန်းလို့ ရင်တွေပူရတာမျိုး.....
တကယ်ပါ... အပိုစာသား ညီမမပြောပါဘူး
အဲ့လောက်ထိကို ချစ်ရပါတယ် အစ်မရယ်...

အစ်မကရော.....?

?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အစ်မ (သို့) "မ"Where stories live. Discover now