Real date?

195 9 0
                                    

ဒီနေ့အိမ်ပြန်ရောက်ကာမှ အစ်မဆီကဖုန်း၀င်လာတယ်
ကိတ်မုန့်စားချင်လို့ လာ၀ယ်ကျွေးမလားတဲ့
အချိန်ကိုကြည့်တော့ ညနေခြောက်နာရီ
ညီမ ဒီအချိန်အပြင်ကိုမထွက်ဖူးတာမို့ ငြင်းလိုက်သင့်ပေမယ့်
အစ်မကိုတွေ့ရမှာပဲဆိုတဲ့စိတ်နဲ့ ခြေလှမ်းတွေကအဆင်သင့်ဖြစ်နေခဲ့တယ်
အစ်မကိုနည်းနည်းလေးတောင်မစောင့်စေချင်တာမို့
ညီမ ပြေးနိုင်သလောက်ပြေးတယ်
ပုံမှန်မိနစ်၂၀လောက်ကြာတဲ့ခရီးကို ညီမ၁၀မိနစ်နဲ့အရောက်သွားခဲ့တယ်
ရုပ်ပျက်ဆင်းပျက် ပြေးလွှားရင်းနဲ့ပေါ့

ကိတ်မုန့်စားချင်တယ်ဆိုတဲ့အစ်မက ကိတ်မုန့်ကဈေးကြီးတယ်ဆိုတော့
KFCကိုပဲ ရောက်သွားကြတယ်
နှစ်ယောက်ထိုင်ခုံမှာ အစ်မခွံ့ကျွေးတဲ့ကြက်ကြော်စားရင်း
ကိုလာတစ်ခွက်ထဲကို နှစ်ယောက်သောက်ရတာ
ညီမအတွက်တော့ ပထမဆုံး real dateလိုပဲ
အစ်မနဲ့နှစ်ယောက်ထဲ မုန့်စားဖူးရင်တောင်
ဒီလိုမျိုးကြည်ကြည်နူးနူးရှိတာ ဒါပထမဆုံးပဲ

ဒါပေမယ့်လည်း ညီမကိုညီမလေးတယောက်ထက်မပိုဘူးဆိုတဲ့အကြောင်း
အရိပ်အမြွက်လေးပြောပြလာတယ်
ညီမ ခံစားမနေတော့ပါဘူး
မဟုတ်လည်း အစောကြီးထဲကသိနှင့်ပြီးသားမဟုတ်လား
အခုချိန်မှာ ညီမလိုချင်တာ အစ်မအနားမှာရှိနေဖို့ပဲ
အစ်မဘယ်လိုပုံစံနဲ့နေစေချင်လဲ ထားသလိုနေမယ်
အစ်မထားသလိုနေရင်း အစ်မကိုပျော်အောင်ထားမယ်
ဒါ ညီမရဲ့ အသက်နဲ့ရင်းပြီးပေးတဲ့ကတိစကားပါ
အစ်မကရော ညီမအနားကထွက်မသွားပါဘူးလို့ ကတိပေးမယ်မဟုတ်လား?

စကားမစပ်
ဒီနေ့‌ အစ်မကို ချစ်တယ်လို့ပြောချင်တာသိလား?
ပြန်စဉ်းစားကြည့်တော့ အစ်မကို သဘောကျတယ်ဆိုတာပဲပြောခဲ့မိတာ
"ချစ်တယ်"ဆိုတဲ့စကား မပြောမိသေးဘူး
ပြောခါနီးမှ ပြန်မြိုသိပ်ထားလိုက်တာ
တနေ့နေ့တော့ ပြောခွင့်ရဖို့ မျှော်လင့်တယ်
ပြန်ဖြေလာမယ့် အဖြေစကားကို သိနှင့်ပြီးသားဆိုရင်တောင်
အနည်းဆုံး အစ်မကိုဘယ်လောက်ချစ်ကြောင်းတော့‌
ပြောသွားချင်မိတယ်
မသေခင်အချိန်လေးမှာပေါ့

အစ်မ (သို့) "မ"Where stories live. Discover now