I'm ok

264 16 0
                                    

အစ်မရဲ့ချစ်သူက အစ်မကိုသင်တန်းလာကြိုတဲ့နေ့ပေါ့
ညီမမှာ ကမ္ဘာတွေပျက်လိုက်ရတာ...
အစ်မကတော့ သနားလို့ထင်ပါရဲ့ အရိပ်တကြည့်ကြည့်နဲ့နှစ်သိမ့်ပေးရှာပါတယ်
ညီမလက်ကိုဆုပ်ကိုင်ပေးရင်း နှစ်သိမ့်ပေးနေတဲ့အချိန် သူ့ဆီကဖုန်း၀င်လာတော့ ချက်ချင်းပဲညီမလက်ကိုလွှတ်ချသွားခဲ့တယ်နော်...
သင်တန်းကအပြန် အစ်မကိုပထမဆုံးအကြိမ်နှုတ်မဆက်ဘဲ အရင်ပြေးထွက်ခဲ့မိတယ်
သူနဲ့အစ်မကို အတူတူတွဲမြင်ဖို့အင်အားမရှိတာသိနေလို့
စိတ်ကူးနဲ့တင် ပြိုလဲနေရပြီမို့....

ဘတ်စ်ကားပေါ်မှာ အကြောင်းအရင်းမရှိမျက်ရည်ဝဲနေခဲ့ပြီး
အိမ်ပြန်ချင်စိတ်လည်းမရှိသေးတာမို့
Supermarketထဲ၀င်ခဲ့လိုက်တယ်....
စာအုပ်တန်းလေးကိုသွားရင်း မြင်လိုက်ရတဲ့ခေါင်းစဉ်ကြောင့်
ခြေလှမ်းတွေရပ်တန့်သွားရတယ်
"ခင်ဗျားကို ကျွန်တော်ချစ်တယ်"တဲ့....
အချစ်အ‌ကြောင်းတွေဆို ၀တ္ထုတောင်မဖတ်တဲ့ညီမက
အဲ့ဒီစာအုပ်လေးကိုတော့ ၀ယ်ခဲ့မိတယ်

ဟိုဟိုဒီဒီလျှောက်ငေးရင်း မျက်စိထဲ၀င်လာတာက
လူကိုမူးယစ်စေတဲ့ အယ်ကိုဟော အရက်...
ကြားဖူးတာကတော့ အသည်းကွဲရင်အရက်သောက်ကြတယ်တဲ့
ဘာလို့မှန်းတော့ ရေရေရာရာမသိ...
သက်သာလိုသက်သာငြားဆိုပြီး ဆိုဂျူတစ်ပုလင်းကောက်၀ယ်လိုက်မိတယ်
အိမ်မပြန်သေးဘဲ တွေ့ကရာထိုင်ခုံမှာထိုင်ပြီး အစ်မအကြောင်းထိုင်စဉ်းစားလိုက်သေး
စ‌ဉ်းစားနေရင်းက သတိရလာတော့ ဖုန်းဆက်မိပြန်
ဘာမှထွေထွေထူးထူးတော့ မပြောဖြစ်ခဲ့ကြပါဘူး
ညီမဘယ်မှာရှိနေတယ်ဆိုတဲ့အကြောင်းလေးရယ်
အစ်မ ဘေး‌ကင်းကင်းနဲ့အိမ်ပြန်နေရဲ့လားဆိုတာရယ်ပါပဲ...

အိမ်ရောက်တာနဲ့ ၀ယ်လာတဲ့ဆိုဂျူကို
တစ်ခွက်ပြီးတစ်ခွက်မကုန်မချင်း သောက်နေမိတယ်
ဘယ်လောက်တောင်မူးသွားလဲဆို မတ်တပ်တောင်မရပ်နိုင်တဲ့အထိပဲ...
အရမ်းမူးလာတဲ့အဆုံးမှာ အိပ်ပျော်သွားခဲ့တယ်
အိပ်ပျော်နေတဲ့အချိန်မှာတော့ အစ်မကိုမစဉ်းစားနေမိတော့ဘူးဆိုတော့ တော်သေးတာပေါ့
ဘယ်လောက်ထိအိပ်မောကျသွားတယ်မသိ
အစ်မရဲ့ဖုန်း၀င်လာမှ နိုးလာပေမယ့် အမူးကတော့ပြေမနေသေး...
ညီမအရက်သောက်တာမိသွားတော့ အစ်မအရမ်းစိတ်ဆိုးပြီး
ဖုန်းတောင်ချသွားလို့ ညီမမှာမရမကပြန်ချော့ရသေးတယ်
နောက်မသောက်တော့ပါဘူးဆိုတဲ့ကတိကို ပေးရင်းနဲ့ပေါ့
အဲ့တစ်ညလုံး ညီမကိုနှစ်သိမ့်ရင်းဖုန်း‌အကြာကြီးပြောပေးလို့
ကောင်းကောင်းအိပ်ပျော်ခဲ့ရပါတယ်

မနက်ဖြန်တွေမှာလည်း ညီမနဲ့အချိန်တွေအများကြီးဖြုန်းပေးဖို့ မျှော်လင့်ပါတယ်...

အစ်မ (သို့) "မ"Where stories live. Discover now