☘️Unicode☘️
ဟေမာနွေ တဲ့
မမနွေရယ်
နာမည်ကကန့်လန်ဆန်လိုက်တာ။ဆောင်းလိုအေးချမ်းတဲ့.....ဟေမာရယ် ....
ပူပြင်းလှတဲ့ ....နွေရယ်....
ပေါင်းစပ်ထားသည်။မမနွေကလေ နာမည်နဲ့သိပ်လိုက်တာပဲ။
အေးချမ်းတဲ့အချစ်တွေ
မိုမို့ကိုပေးထားခဲ့ပြီးမှ.....ဘာလို့များ ပူပြင်းလှတဲ့
အလွမ်းတွေနဲ့ထား
ရက်ခဲ့တာလဲ။ဆယ်တစ်နှစ်..ဆယ်တစ်နှစ် တောင်ရှိပြီ။
မမနွေရဲ့ ကတိကို
ယုံပြီးစောင့်နေရတာ။ဘယ်မှာနေလို့
ဘယ်သူတွေနဲ့
ပြုံးရယ်နေမလဲ။အခန်းထဲက ထောင့်ကျကျနေရာလေးတွင်
စာအုပ်စင်ခပ်ကြီးကြီးတစ်ခုရှိေလသည်။အဲ့ဒီစာအုပ်တွေက
မိုမို မမနွေကို
ဘယ်လောက်လွမ်းကြောင်း
ရေးထားတဲ့
စာအုပ်တွေလို့ ပြောရင်
မမနွေယုံပါ့မလား။
စာအုပ်စင်တောင်မဆံ့တော့ဘူး မမနွေရဲ့။မမနွေရဲ့အပြုံး၊အရယ်တွေကို မိုမိုခုထိမှတ်မိနေတုံး။
မှတ်မိနိုင်ေလာက်အောင်လဲ မိုမိုငေးမောခဲ့သည်။တစ်ခါတစ်ေလကျ အတိတ်မေ့ချင်တယ်မမနွေရဲ့။
အဲ့တာဆို ခံစားနေရတဲ့အလွမ်းတွေများ သက်သာသွားမလား။မမနွေ ကတိမတည်တော့တာလား။
ဒါမှမဟုတ်....
တစ်ပါးလူနဲ့များ လက်ထပ်သွာပြီလား။"အို...မိုမိုရူးလိမ့်မယ် မမနွေရဲ့"
မမနွေသိပ်သဘောကျပါတယ်ဆိုတဲ့
ဆံနွယ်တိုတိုလေးကို
အခုထိထားတုံး။ဆံနွယ်အရှည်ထားဖို့ပြောတဲ့ လူတွေကို
မိုမိုက ရယ်ပြီးဖြေလိုက်ပါတယ်။မမနွေက ဆံနွယ်တိုတိုလေးကိုသဘောကျတာပါလို့။
အပေါင်းအသင်းတွေစုမိလို့ မမနွေအကြောင်းပြောရင်ဖြင့်မိုမို့မှာ နေရာမရှိသလိုပင်။
မိုမိုဆီကို မမနွေ စာတိုတိုလေးတစ်စောင်တောင်မပို့ခဲ့ဘူးပဲ။
မမနွေရယ်...
စာတိုလေးတစ်ကြောင်း ကိုပင် ပို့ဖို့ခက်ခဲနေရသလားလို့။
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasy🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...