🌸Unicode🌸
ချစ်တယ်လို့စကားလုံးလေး
မသုံးချင်ဘူးမမနွေ။ချစ်တယ်ဆိုတဲ့စကားလုံးတွေက
မမ၏နွေ
အပေါ်ထားရှိတဲ့မိုမို့ရဲ့ခံစားချက်တွေကို
ဖော်ပြဖို့မလုံလောက်လို့ပဲ။ချစ်ရတာကလေ ပူလောင်တယ်။
ဒါပေမဲ့ မမနွေရဲ့ အပြုံးလေးတစ်ချက်က
ရင်ကိုနွေထွေးစေတယ်။ထိုအပြုံးမြင်ရဖို့ ညတိုင်းအိမ်မက့် ကမ္ဘာတွင်ရှာဖူးသည်။
မိုမိုလဲ သာမန်လူတွေလို အိမ်ထောင်ပြုပြီး
ကလေးေတွနဲ့ပျော်ပျော်ရွှင်ရွှင် နေချင်တယ် မမနွေရဲ့။
ဒါဟာ မွန်းကြပ်လွန်းလို့ တွေးမိတဲ့ အတွေးလေးတစ်ခုသာသာလေးပါ။နှလုံးသားကတော့ မမနွေနှင့်အတူ နေချင်ပါရဲ့။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃⛰️
နွေရာသီရယ် ပူပြင်းလိုက်တာ။
"မိုမို"
"ညကျ မမနွေနားက နေရာကို လာအိပ်နော်"
"ဟုကဲ့"
"ရေချိုးတော့
နေ့လည်ပိုင်းက mathစသင်မှာ
နှစ်နာရီမှာ။
ညကျ မမနွေ အချိန်ဇယားကူးပေးမယ်နော်"မမနွေရဲ့ဂရုစိုက်မှု့တွေက မိုမို့ကိုရင်ခုန်စေသည်။
အဆောင်၏ ညာဘက်အခြမ်းတွင် ေကျာင်းသူရေချိုးဆောင်ရှိ၏။
မိုမိုတစ်ယောက် ထဘီရင်လျားကာ ရေချိုးရန်
ရေချိုးခန်းတံခါးကိုဖွင့်လေသည်။"ဘုရားရေ!!
တောင်း..ပန်..ပါတယ်"ဒုခေါင်းဆောင် ကေသီရှင်းက အမျိုးသမီးငယ်တစ်ယောက်ကို နမ်းလေပါရဲ့။
မျက်နှာပူလွန်းလှ၍ ထွက်ပြေးမိခဲ့သည်။
"မိုမို မျက်နှာတွေရဲနေပါလား"
"ဟင်..မမနွေပါလား"
"ကေသီတို့မလား"
"ဟု။သူတို့...."
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasy🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...