Unicode
မပြောင်းလဲ နိုင်မည့်အတူ အမှန်တရားကို လက်ခံကြစို့လား။
မပေါင်းဖက်ဖို့သတ်မှတ်ပြီးသား ကံကြမ္မာတစ်ခုကို
ပြောင်းလဲ ဖို့ကြိုးစားတိုင်း အရာ အားလုံးသည် အချည်းနှီးသာ။
မဆုံစည်းဖို့သတ်မှတ်ထားပြီးသားလူနှစ်ယောက် ကို ဆုံစည်းရဖို့ အချစ်တွေက ကတိသစ္စာ ခံ ကြမလား။
ဒါဆိုဖြင့် အချစ်စစ်မှန်လျှင် ထပ်မံ၍ တွေ့ဆုံနိုင်သည်။
ဒီဘဝ မတွေ့ရင်..နောက်ဘဝပေါ့...
တစ်ခုသော ဘဝမှာတော့ ပြန်ဆုံ နိုင်ပါသည်။
အမှတ်မထင် ကိုယ့်ဘေးနား က ဖြတ်သွားတဲ့ လူတစ်ယောက်အဖြစ်လား၊ဒါမှ မဟုတ်
မတော်တစ်ဆ ဝင်တိုက်မိတဲ့လူ အဖြစ်လား၊
ကိုယ့်ရဲ့ ချစ်ရသူ အဖြစ်လား....ဒါကိုတော့..
ကံကြမ္မာ ကောင် စီမံရာပေါ့ အချစ်ရာ။
နွေ့ကို ချစ်မိလို့ မိုမို နောင်တရလောက်ပါတယ်။
ဒါပေမဲ့လေ..နွေကတော့ မိုမိုနဲ့ဆုံစည်းခဲ့ရလို့သိပ်ပျော်တယ်။ပေါင်းဖက် ဖို့ ကံပါမလာ တာကလွှဲရင်ပေါ့။
တစ်ချို့အရာတွေကို ချစ်ရသူ ကောင်းစားဖို့ရွေးချယ်ခဲ့ပေမဲ့...နာကျင်စွာ..အဆိပ်အတောက်အဖြစ်ပြောင်းလဲ သွားခဲ့ယုံ။
နောက်ထပ်မဆုံချင်လောက်အောင်ထိ
မုန်းနေလောက်ရောပေါ့..အချစ်ရယ်..
ဒီက ဟေမာနွေ ဆိုတဲ့ မိန်းမကလေ
မိုမို့အနားနေပြီး ဝပ်တွားဖို့ ကျိန်စာ ပြုခဲ့တယ်..။
ကျိန်စာဆိုတာ နားထောင်မကောင်းဘူး...
မိုမို့အနား ခစားဖို့ မမနွေဘဝကို နောက်ဘဝမှာ ချည်နှောင်ပစ်တယ်လို့ ဆိုရမလား။အပြစ်ကြွေးဆပ်ရင်းပေါ့။
ဒါက မိုမို့ကို အနှောက်အယှက်ဖြစ်စေမလား။
မမနွေကတော့ မိုမို့အနားနေရမယ်ဆိုရင်ဖြင့်
ကြောင်လေးပဲ ဖြစ်ရ ဖြစ်ရ ပေါ့။ဒီလောက် ထိ ချစ်တာ...။
မမနွေရဲ့ ရှေးကုသိုလ်တွေသာ ရှိမည်ဆိုလျှင်မိုမို့ရဲ့ အိမ်ထောက်ဖက်..
မိုမို သိပ်ချစ်ရတဲ့ အိမ်ထောင်ဖက်ဖြစ်ချင်တော့တယ်။နွေကလေ သိပ်အတ္တကြီးတယ်မလား?
ဒါဟာ...ချစ်လို့။
မိုမို့ ကို သိပ်ချစ်လို့။လှပတဲ့နေရာတွေကို မသွားချင်ဘူး အချစ်ရယ်။
မင်းမှ မရှိတာ။
တောင်တန်းတွေက စိမ်းပေမဲ့
မင်းလောက် မစိမ်းကားတတ်ဘူး
အချစ်ရယ်..
လှည့်ထွက်သွားလိုက်တဲ့ပုံများ
ဖမ်းဆုတ်လို့မရလောက်အောင်ထိ
ဟိုးအဝေးဆုံးကို။
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasy🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...