ဒုဓလီပန်းလေးလေမှာဝဲ(၃)

1K 86 6
                                    

အသိစိတ်နဲ့ မသိစိတ်က ခင်ဗျားကို သတိရပေမဲ့ ထူးဆန်းစွာ ငါ့နှလုံးသားက ခင်ဗျားမဟုတ်တဲ့ လူအပေါ် ခုန်လှုတ်နေမိတယ်။
ဒါက မှားနေမှန်းကို ငါသိတယ်...။
ငါကလေ...မိန်းမတစ်ယောက်ကို သဘောကျမိနေပြီတဲ့။
မိုမိုဟာ မိုမို့ရဲ့စိတ်ကို လုံးဝနားမလည်ခဲ့တော့ပါ။လူတစ်ယောက် ဆို တစ်ယောက် မချစ်နိုင်တာ မိုမိုရဲ့ အပြစ်လား။
ဒါမှမဟုတ် ရှေးဘဝရဲ့ ဆုတောင်းအမှားပင်လော။

"မေမေ...သမီးလေ အကိုစိုင်းကို မယူချင်ဘူး..."

မေမေ ကချည်ထိုးရင်း မိုမို့ ဘက်ကိုတစ်ချက်ကြည့်လိုက်တယ်။ထို့နောက် အောက်ပြန်ငုတ်ရင်း

"သမီး စိတ်ချမ်းသာ သလို လုပ်ပေတော့..."

မိုမိုက မေမေ၏ ဒူးခေါင်းအပေါ်၌ မေးတင်ရင်း

"အမေ...သမီးက ကြောက်ဖို့ကောင်းတဲ့မိန်းမလားဟင်..."

မေမေက အတန်ကြာအောင်ထိ တိတ်ဆိတ်သွားသည်။

"သမီး...ကို အမေ လူတစ်ယောက်နဲ့ပဲအတည်တကျမြင်ချင်တယ်!
လူတိုင်းအပေါ် အေးတိအေးစက် ဆက်ဆံ တာကိုလည်း အမေ မကြိုက်ဘူး
အမေ ဖြစ်စေချင်တာလေ...သားစိုင်း...နဲ့...."

မိုမိုက တစ်ဖက်သို့ လှည့်ထွက်လိုက်သည်။

"မိုမို့ရဲ့ ခံစားချက်တွေကို မိုမို ကိုယ်တိုင်နားမလည်တော့ဘူး!"

"အချိန်ယူ စဉ်းစား
သမီးကမငယ်တော့ဘူး..."

အိမ်ရှေ့သို့လေညင်းခံထွက်ရင်း မိုမိုမိုက အိတ်ကပ်ထဲမှ ဆေးလိပ်နှင့်မီးခြစ်ကို ထုတ်လိုက်တယ်။

တစ်ရှိုက်ဖွာတိုင်း အငွေ့များက လေထဲ ပျံဝဲလျက်သာ။

တစ်ဖက်အိမ်ရှိနေကြာပင်များက လူ့၏ဂရုစိုက်မှု့ကြောင့် သန်မာနေသည်။
မိုမိုကတော့မသိမသာလေး နေကြာမြေ လို့ပင် ပေးထားသည်။ထိုနေကြာတွေကို မိုမိုက အကြောင်းပြချက်မရှိပဲ မုန်း၏။သို့သော်ထိုနေကြာတွေ ကို ချစ်တတ်သော ကောင်လေးကိုသူငယ်ချင်းတစ်ဦးအဖြစ်သိပ်သတိရသည်။ သံယောဇဉ် လား အချစ်လား မကွဲပြားခဲ့တဲ့ ဆက်ဆံရေး တစ်ခု က မိုမို့၏ ဘဝအစိတ်အပိုင်းတစ်ခု အထိ ထိန်းချုပ်ထားတယ်။ မိုမို ဆိုတဲ့ မိန်းမဟာ အကြောင်းပြချက်မရှိ မိန်းမတစ်ဦးကို သဘော ကျနေပြန်ပြီ။

အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+ZWhere stories live. Discover now