ဒါက အရိုင်းပန်းလေးရဲ့ ဒုတိယမြောက် ဘဝလးပါ။
ပျော်ရွှင်စရာ ဇာတ်သိမ်းချင်သူလေးတွေ ရှိသည့်အတွက် ထပ်တင်ပေးရခြင်းပါ။မိုမို..ဟာ လေပွေနဲ့တူတယ်တဲ့။
ဟင့်အင်း..ဒီစကားတွေ က သိပ်မှားတယ်။
မိုမို...လွတ်လပ်စွာ...
လေမှာ ဝဲ တတ်သည့်ဒုဓလီ...။အဝါရောင် မကြိုက်သော သူမ။
ရှင်းအောင် ပြောလျှင်
ဝါဆွေ့ဆွေ့နေကြာတွေကို
သိပ်မုန်းတတ်တဲ့ မိန်းမ။ညိုလဲ့သော အသားအရည်၊
တိုလှသော ဆံနွယ် နှင့် ခပ်ပြင်းပြင်း
ဆေးလိပ်နံ့တွေဟာ...
သူမ ၏ ကိုယ်ပိုင်အမှတ်အသားတစ်ခု။ဘေးအိမ်က ကောင်မလေး
(တစ်နည်း) နွေနှောင်းမာန် ၏ အချစ်ဦး။"မိုမို...!"
"ဘာလဲ နွေနှောင်းမာန်..."
နွေနှောင်းက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
"နာမည် အပြည့်အစုံ ခေါ်ရတဲ့ အထိ
စိတ်ဆိုးနေတာလား"မိုမို ဘက်မှ ဘာမှ ပြန်မပြောခဲ့။
နွေနှောင်းက မိုမို့၏ညိုလှသော ပါးပြင်ထက်မှ သွေးစ တို့ကို သုတ်လိုက်သည်။
ထို့နောက် ခပ်အေးအေး အသံဖြင့်"ငါ က နင် ထိခိုက်တာ ကို မမြင်ချင်လို့ပါ"
"နင်ဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး
မိန်းမ တစ်ယောက်လိုပဲ သိပ်စကားများတာ"မိုမို့၏ ခပ်စွာစွာ အသံ။
ငါဟာ မိန်မ တစ်ဦးပဲကို။
မိုမို...မင်းမသိပါဘူးကွာ။နွေနှောင်းမာန် သည် ယောကျာ်းလား
(ဒါမှမဟုတ်) မိန်းမတစ်ဦး ပင်လား။တစ်ကယ်တော့...
နွေနှောင်းမာန်သည် ယောကျာ်းတစ်ဦးလို
ဟန်ဆောင်ကာ ဘဝကို ကြိုးတန်းပေါ်က
ဖြတ်လျှောက်နေရသော မိန်းမတစ်ဦး။သူမဟာ မလွှဲစင်စစ် မိန်းမ တစ်ဦးပါ။
သူသာ မိန်းမ တစ်ဦး ဆိုတာ
အဖေ..နွေ့အဖေ သိသွားလျှင်..
မေမေ ဟာ နွေ ကို မုန်းသွားလိမ့်မည်။အကြောင်းအရာ တွေသည် နွေ မွေးဖွားခဲ့သည့် နှစ်က စတင်ခဲ့သည်။
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasy🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...