🌸Part18🌸

1.7K 128 2
                                    

🌸Unicode🌸

"အား....ကျစ်
ငါဘယ်ရောက်နေတာလဲ"

"ဟေမာ မနေ့က အမူးလွန်ပြီးအိမ်ရောက်လာတာပဲ"

"...."

အလိုမကျမှု့ကြောင့် တွန်နေသော မဟူရာ မျက်ခုံး။
ဆံပင်ကိုအနောက်ဘက်သို့လှန်လိုက်သည်။

"တောင်းပန်ပါတယ်
ဒုက္ခပေးမိသွားတယ်"

"အမဟေမာ!"

"ရန်ရှင်းရော ရောက်နေတာလား"

"အမ ကိုလာကြည့်တာ သံပုရာရည်ဖျော်ထားတယ်
သွားသောက်ချည်"

"အမရဲ့ယောင်းမလေး ကောင်းလို့ အမူးလွန်ပြီး
လမ်းဘေးမှာ အိပ်မနေရတာ"

ရန်ရှင်းက မိုမို့အား အနောက်မှ ဖက်လိုက်တယ်။

မမနွေဟာလေ သိပ်နေနိုင်လွန်းတာပဲ။

အင်းလေ....သူမချစ်တော့တဲ့ မိုမို့ကို
ဘယ်အကြောင်းနဲ့များ သဝန်တိုနိုင်မှာလဲ။

မိုမိုက တမင်ရွှဲ့ကာ

"မောင်..မနက်စာသွားစားတော့
ပြင်ထားတယ်"

မမနွေ၏ မျက်နှာတွင် သဝန်တိုခြင်းအရိပ်အယောင်မရှိ။
ဤမျှလောက်ပင် မမနွေ၏ အချစ်က အပေါ်ယံပဲလား။

"အချစ်.."

"မောင့် ကိုလက်ထပ်ပါ့လား"

"မနေ့ကမှ ဖွင့်ပြောပြီး ဒီနေ့ လက်ထပ်ချင်တာလား"

"အပိုင်လိုချင်လို့
ကိုယ့်ကောင်မလေးဖြစ်နေပေမဲ့
သူများလက်ထဲပါသွားမှာစိုးလို့"

"မျက်စိနောက်တယ်"

မမနွေ၏ ခပ်မာမာ စကားသံလေး။

မိုမိုက မမနွေ၏ မျက်ဝန်းအနက်ရှိုင်းဆုံးကို ဝင်ကြည့်မိသည်။
သဝန်တိုနေတာလား၊ခံစားချက်က ခန့်မှန်းရ မလွယ်ကူလှ။

"ဒီမှာ နေချင်တယ်
အိမ်လခ ပေးမယ်"

"ဟင်"

"ယောင်းမနဲ့ အတူနေချင်တယ်
အိမ်မှာ မနေချင်ဘူးhotelမှာ နေပါများတော့ ‌မနေချင်တော့ဘူး
ပိုက်ဆံပေးနေမယ်လို့"

ရန်ရှင်းက တော့ ခပ်ပြုံးပြုံး။
မမနွေ၏ လုပ်ရပ်တွေကိုနားမလည်‌တော့ဘူး။

အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+ZWhere stories live. Discover now