🌸Part3🌸

3.4K 254 2
                                    

🌼Unicode🌼

မိုမိုတို့ မိသားစုလေးသည် ပြည့်စုံသည်၍ တော့မဟုတ်။
မိဘများက သူများနှင့်တန်းတူ ဝတ်နိုင် စားနိုင်သည်။
မိုမို စီးနေကျ စက်ဘီး‌ေလးကို
ရေနှင့်ဆေး ဆပ်ပြာဖြင့် တိုက်ချွတ်၍
သန့်ရှင်းနေလေသည်။

"ဒီကလေးမလေး ဘာတွေများအရူးထနေပါလိမ့်။
ဒီစက်ဘီးကို ဆေးခိုင်းနေတာကြပြီ
အခုတော့ ဘာတွေစိတ်ကူးပေါက်ပြီး ထလုပ်နေတာလဲမသိ"

အပေါ်ထပ်ပြတင်းပေါက်မှ ကြည့်နေသောမေမေ့ကို မိုမိုတစ်ယောက်မမြင်ခဲ့ပါ။

စက်ဘီးအနက်ရောင်လေး ပိုပြီးပြောင်လက်သွားအောင် အုန်းဆီကိုယူကာ သုတ်လေသည်။ထို့နောက် တစ်ဖန်ပြန်‌၍ အဝတ်စုတ်နှင့်သုတ်လေသည်။
ပင်ပင်ပန်းပန်း အလုပ်ကြိုးစားပြီးနောက် ရလဒ်သည်စိတ်ချမ်းမြေ့စရာ။
သန့်ရှင်း၍ နက်ပြောင်နေသော မိုမို့စက်ဘီးလေးသည် ယခုမှ မမနွေနှင့်ပရံသင့်လိမ့်မည်။

ရေကိုသေသေချာချာချိုးကာ
အဝတ်ဗီရိုထဲမှ ကောင်းပေ့အကျီလေးတစ်ထည်ကို‌ေရွးယူဝတ်ကာ
သနပ်ခါးရေကျဲလေးလိမ်းလိုက်သည်။
ထို့နောက် ပေါင်ဒါမှုန့်ကိုယူကာ လည်ပင်းတစ်ဝိုက်နား ပုတ်ပြီး လက်ကျန်ကိုမျက်နှာတွင်ပုတ်လိုက်လေသည်။
ထို့နောက် ရွှေပြည်နန်းဗူးလေးမှ သနပ်ခါးခပ်ထူထူကိုယူကာ
စက်ဝိုင်းပုံလေးလိမ်းလိုက်သည်။
မိမိကိုယ်ကိုမှန်ထဲမှ ကျေနပ်လေသည်။
ထို့နောက် မေမေယုယုယယပျိုးထားသော နှင်းဆီ ပင်နားကပ်၍ မေမေမသိအောင်တစ်ပွင့်ထဲ‌ေသာပန်းကိုခူးလိုက်လေသည်။

မေမေသိလျှင်တော့...
မိုမိုတစ်ယောက် ကော့နေအောင်ရိုက်ခံရလိမ့်မည်။
မမနွေလို မိန်းမချောလေးနားနေဖို့ဆိုရင်ဖြင့် မိုမိုလဲ သပ်သပ်ရပ်ရပ်ဖြစ်နေရလိမ့်မည်။

နှင်းဆီပန်းနီနီလေးကို တိုလှသော ဆံနွယ်၏အောက်နားနောက်တွင်ညှပ်လိုက်လေသည်။

ထို့နောက်မေမေ မမြင်ခင် သန့်ရှင်းထားသော စက်ဘီးအားထုတ်ရင်း ဦးတည်ချက်က မမနွေရှိရာအရပ်။

သံတံခါးအပေါက်ဘေး
မှ မမနွေကို ခိုး၍ ကြည့်မိသည်။
လှရက်လိုက်တာ။

အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+ZWhere stories live. Discover now