ဒုဓလီ ပန်းလေး လေမှာဝဲ(၅)

866 62 1
                                    

ဆေးလိပ် တစ်ခါ ရှိုက်ရင်း အဝေးတစ်နေရာသို့ မျက်နှာ မူနေသည့် သူမ အား ဟေမာ ကြည့်လိုက်သည်။သူမအား စကားစပြောရန် ကြိုးစားလိုက်သည့်အခါ သူမ ဘက်မှ ဦးစွာ စ၍

"အံ့ဩသွားတယ် ..."

"တို့က အရင် နွေ နှောင်းမာန်ပါပဲ မိုမို..."

မိုမိုက ဆေးလိပ်တိုအား မြေပေါ်သို့ ချ ၍ ခြေဖြင့်တက်နင်းလိုက်သည်။

"နွေနှောင်း .. .သိပ်လှလာတယ်...
မှားလို့ ဟေမာ..."

ဟေမာ က ပြုံးလိုက်သည်။

"မင်းရဲ့ အလှ ကို မမှီသေးပါဘူး မိုမို..."

မိုမိုက မဲ့ပြုံးလေး ပြုံးလိုက်သည်။

"နွေနှောင်းမာန်
က မိန်းမ တစ်ယောက်ဆိုတာ...မအံ့ဩဘူးလား မိုမို..."

မိုမို က ထပ်မံ ပြုံးလိုက်သည်။

"ကိုယ်ရဲ့ သူငယ်ချင်းဟာ မိန်းမ လား ယေညကျာ်း ဆိုတာ မခွဲခြားတတ်ခဲ့ရအောင် မိုမိုက အရူးမှ မဟုတ်ပဲ.."

"တို့ အရင်က ညာ ခဲ့မိတာ အတွက် စိတ်မဆိုးဘူးလား?"

မိုမို၏ အကြည့်များသည် မြန်မာဝတ်စုံ ကို လှပ စွာ ဝတ်ထားသော နွေ့ဆီ ရောက်သွား၏။

"နွေနှောင်း ပဲ ဖြစ်ဖြစ် ဟေမာ ပဲ ဖြစ်ဖြစ် အားလုံးက အတူတူပဲ မဟုတ်လား

အဓိက က ငါတို့က သူငယ်ချင်းဖြစ်လို့
နွေနှောင်း...မင်းဟာမင်း ယောကျာ်း ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ်
ဘာများ ကွာခြားသွားမှာလဲ!"

အေးစက်စွာဖြင့်  မိုမိုသည်
တစ်ဖက်လူ ၏ ခံစားချက်ကိုထည့်မတွက်ပဲ
သူမပြော သည့်အရာကိုသာ ပြော၍
ထွက်ခွာသွားခဲ့သည်။

"ကွာ ခြားသွားတယ်လေ...မိုမို
တို့က မိန်းမသား တစ်ဦး
တို့လို မိန်းမသား တစ်ယောက်ရဲ့လက်ထဲကို
မိုမို့အမေ က ကြည်ဖြူ စွာ ထည့်ပါ့မလား
ဒါမှမဟုတ်.... မိုမိုကရော တို့ကို ကြည်ဖြူပါ့မလား!"

မိုမိုက အခန်းထဲ ရောက်မှ အသက်ရှု ချောင်သွားသလို ခံစားရ၏။

မိမိအနားတွင် ရှိနေခဲ့သော သူမသည် မိမိချစ်ရတဲ့နွေနှောင်းတဲ့။
ရူးမိုက်ချင်စရာ ကောင်းလိုက်တာ!
ဒီလူသား အပေါ် အဘယ်ကဝဍ်ကြွေးများရှိခဲ့လို့ ဒီ လူသားမှန်း မသိပဲ
နောက်တစ်ကြိမ် သဘောကျမိပြန်ရတာလဲ။

အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+ZWhere stories live. Discover now