🍁Unicode🍁
"မမမို မောင့်ကိုပြန်ချစ်ပါ"
"အို..ခက်ပါဘိ
မမမို မှာချစ်ရသူရှိတယ်"ရန်ရှင်းတစ်ယောက်မျက်မှောင်ကုတ်ကာ
"ဘယ်သူလဲ"
"လျို့ဝှက်ချက်လေးပါ"
"မမမို ရက်စက်တယ်
ကိစ္စ မရှိပါဘူး
မမမိုချစ်တဲ့လူကိုမေ့သွားတဲ့ အထိ မောင်က ချစ်ပေးမှာ မို့လို့"မိုမိုကတော့ပြုံးမိသည်။
မေ့သွားရအောင် မမနွေက မိုမို့အတွက်
တစ်ခနတာ ချစ်ရသူမှမဟုတ်ဘဲ။တပါးသူဆီက ချစ်မေတ္တာရတိုင်း
ကိုယ်ချစ်ရသူကိုမေ့သွားရအောင်
မမနွေအပေါ်ထားရှိခဲ့တဲ့ မိုမို့အချစ်တွေက
အပေါစားမဆန်ဘူး။"မမမိုရယ် မောင့်အချစ်တွေကို မျက်ကွယ်ပြုနိုင်တဲ့အထိ အဲ့ဒီ့လူကိုချစ်ရသလား။
မောင့်အချစ်ကိုလေ
တစ်ခါလောက်လေး ငဲ့ညာလို့မရဘူးလား။""အင်း..ချစ်တယ်
ရူးလောက်အောင်ထိကိုချစ်မိတာ""မမမို သိပ်ရက်စက်တယ်"
ရန်ရှင်းတစ်ယောက် နှလုံးသားရေးတွင် ဒုတိယလူအဖြစ်၌သာ။
ငယ်ရွယ်သူဖြစ်သော်လည်း မမမိုအပေါ်ကိုတော့ ရင့်ကျက်စွာ ချစ်မြတ်နိုးသည်။သူ့ဘဝတွင် မိန်းမပျိုတို့ကိုငြင်းဖူးသည်။
ခုတော့ ဝဍ်လည်လေ သလော။ကိုယ့်အပိုင်မဟုတ်လျှင် မည်သည့်အရာကိုမှ မလိုချင်သောရန်ရှင်းသည် မမမိုကိုတော့ အပိုင်လိုချင်မိသည်။
🍁🍁🍁🍁🍁🍂
မိုမိုတစ်ယောက်
မမနွေရှိသည့် အဆောင်လေးသို့
ရောက်ရှိခဲ့သည်။
အချစ့်၏စွမ်းအားဟူ၍ ပြောရမလား
ခက်ခဲလှသည့် ဝင်ခွင့်စာမေးပွဲကို မိုမိုဖြေနိုင်ခဲ့သည်။
ထို့ပြင် ပညာသင်ဆုပါ အပို ရရှိခဲ့သည်။ဘော်ဒါအဆောင်သည် ထူးခြားသည် ဟူ၍ ပင်ဆိုရမလား။
လူဦးရေ ကျောင်းသူဆယ်ယောက်ကိုသာ လက်ခံ၏။ဒီနှစ်တွင် ထူးခြားစွာဖြင့် ပညာသင်ဆုရရှိသော ကျောင်းသူနှစ်ယောက်ပါ ထပ်ပေါင်း၍ ဆယ့်နှစ်ယောက်ရှိသည်။
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasi🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...