🌼Unicode🌼
"သမီးနွေ ..အဆင်ပြေရဲ့လား"
အိပ်မှုန်စုန်ဝါးဖြစ်နေသောနွေသည်
"ဟင်..ဒေါ်ထားထားမြင့်"
"ဘာလဲ နွေ့ကို လာသတ်တာလား"
"မေ့လဲ နေလို့hotelကဖုန်းဆက်တာ
အဲ့တာကြောင့် အိမ်မှာပဲနေလို့ပြောရဲ့သား""စိတ်မပူပါနဲ့ဒေါ်ထားထားမြင့်
နွေ သေရင် ရှိသမျှအမွေတွေ ရှင်နဲ့ရှင့်သားအတွက်ပါ
စိတ်ချလက်ချနေ""တယ်..ဒီကလေးမ စေတနာကိုစော်ကားလှချည်လား"
"တော်တော့ ဒီစကားတွေ ထပ်နေမယ်ဆိုရင် အခန်းထဲကထွက်သွားတော့"
"ရိုင်းစိုင်းလိုက်တာ"
"ဆုံးမမဲ့ မိဘ မရှိလို့
Oki
Get out!!of my room!!"နွေတစ်ယောက်
ရေမိုးချိုးကာ
အသစ်ဖွင့်တော့ မည့် ဆိုင်လေးသို့သွားကြည့်တော့မည်။အခန်းကျဉ်းလေးသည်
လူမနေသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။
ဒေါ်ထား တစ်ယောက် အိုဟောင်းနေသည့် ဓာတ်ပုံလေးကို ကြည့်ကာ မျက်ရည်ေတွကျနေပါရဲ့။
မည်သူမှ ဝင်ခွင့်မရှိသော ဂျောင်ကျကျ အခန်းငယ်လေးသည် ဒေါ်ထားအတွက်တော့ ကိုယ်ပိုင်ကမ္ဘာငယ်လေး။သေဆုံးသွားပြီ ဖြစ်သောအိပ်မက်တို့ကို
မအိုဟောင်းသည့် မှတ်ဉာဏ်တို့ဖြင့်
အစားထိုးရင်း အသက်ဆက်ခဲ့ရသည်။
ဖြစ်ချင်တိုင်း မဖြစ်ခဲ့ရသည့်ဘဝတွင်
သူမနဲ့
ပကာသနတွေ၊ငဲ့ကွဲ့စရာလူတွေ
မရှိတော့သည့် ဘဝမှာ
အတူတူပျော်ရွှင်ချင်ပါရဲ့။
သို့သော် အိပ်မက် က အိပ်မက်ပါပဲလေ။
အိပ်မက်ကနိုးတိုင်း အမှန်တစ်ကယ်ဖြစ်ပါစေ ဟူ၍ ဆုတောင်းခဲ့သည့် အချိန်များ။ထားဘဝမှာ
မကျော့ရှင်ဟူသော
အမျိုးသမီး မှလွှဲ
ဘာမှ မတပ်မက်ခဲ့။🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄🍄
"မေမေ သမီးအလုပ်တွေလက်စ သပ်ပြီး
ပြန်လာခဲ့မယ်။
မေမေအားမငယ်နဲ့နော်
မေမေ မိုမိုပေးတဲ့ ပိုက်ဆံကလောက်ရဲ့လား"
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasi🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...