🍁Unicode🍁
"ဒေါ်ဒေါ် ...မမနွေကလေ စိတ်ကျရောဂါ ခံစားနေရတာ"
"ဟင်..."
"မိုမို မမနွေအကြောင်းလေးသိချင်လို့"
"နွေ...
နွေက ဒေါ်ဒေါ့်ကိုသိပ်မုန်းတာ
ဘယ်သူ့ကိုမှလဲ သံယောဇဉ်တွယ်ပြီး မခင်တွယ်တတ်ဘူး။
သွေးအေးတတ်တဲ့ မိန်းမ လို့ ဆိုရမလား
သူ့အမေ နဲ့တစ်ထပ်တည်းတူတာပါလေ
မာနကြီးတယ်၊အတ္တကြီးတယ်
ဒါပေမဲ့ စိတ်ကောင်းရှိတယ်"ဒေါ်ထားက သက်ပြင်းတစ်ချက်ချကာ
"မိုမို အဲ့တာတွေကို သိပါတယ်ဒေါ်ဒေါ်
မိုမိုသိချင်တာက accidentကိစ္စ""နွေနဲ့ မိုမိုက ဘယ်လို ပတ်သက်နေတာလဲ
ဒေါ်ဒေါ့်ကို ပွင့်ပွင့်လင်းလင်းပြောပါ"မိုမိုက ခေါင်းငုံ့ကာ
"မမနွေရဲ့ အသိပါ"
"နွေaccidentဖြစ်တာဒေါ်ဒေါ် သိတော့ ချက်ချင်းလိုက်သွားခဲ့တယ်
ရဲတွေပြောပြတာကတော့ နွေစီးလာတဲ့taxiကို
တခြားကုန်ကား က ဝင်တိုက်တာတဲ့"
နွေရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိသွားတယ်။
သုံးနှစ်လောက် ကိုမာ ဝင်ခဲ့တာ အကြာရီးကို။
နှိုးလာပြန်တော့ နာမည်တစ်ခုကိုပဲ ရွေရွတ်နေခဲ့တာ""ဘာနာမည်လဲဟင်"
"ဒေါ်ဒေါ် မမှတ်မိတော့ဘူး"
"နွေ အတိတ်မေ့သွားတယ်
ဒါပေမဲ့ သူမ တစ်ချို့ခံစားချက်တွေကို သိတုန်းပဲ
သူမဟာ lesbian တစ်ယောက်
ချစ်ရတဲ့လူရှိတယ်
နောက်ပြီး သူမိသားစုကို ဘယ်လောက်မုန်းတယ်ဆိုတဲ့ ခံစားချက်ကိုရောပဲ"မမနွေ မြန်မာပြည်ပြန်မလာခဲ့တာ ၊သူ့ကို မသိချင်ယောင် ဆောင်တာ..
ဒါတွေအားလုံးက သူမ အတတ်မေ့နေလို့ပေါ့။မိုမို မှားမှန်းသိခဲ့ပြီ။
မမနွေဟာ မိုမို့ကို ချစ်နေတုန်းပဲ။
သူမ မမှတ်မိခဲ့တာပဲရှိတာ။မသိလိုက်ခင်မှာပဲ ကျလာသော မျက်ရည်စများ။
ဒေါ်ထားက အနည်းငယ်ပြုံးလိုက်သည်။
"ဒေါ်ဒေါ်သိပြီ
ဒီမှာ ခနစောင့်"မမနွေနှင့်သူ့ကြားမှာ ဘယ်သူ့မှ မမှားခဲ့ဘူး။
ဒီအတိုင်း ကံကြမ္မာ ဝင်ရှုပ်ခဲ့ယုံ။
YOU ARE READING
အရိုင်းပန်းလေးမို့ ဂုဏ်ငယ်မိသည်U+Z
Fantasía🌸Unicode🌸 အမှာစာ မြို့ငယ်လေးမှာ နေထိုင်တဲ့ မိုမို ခေါ် ရှင်းခမိုသည် သဘောဖြူစင်လှသည်။ ထိုအဖြူထည်လေးကိုမှ မေတ္တာသက်ဝင်မိသော မြို့ကြီးသူ ဟေမာနွေ။ မိဘ၏ ချစ်မေတ္တာက်ု မခံစားဖူးသော ဟေမာနွေသည် မိုမို၏ ချစ်မေတ္တာ ဖြင့် မပေါ်လုံအောင်လွှမ်းခြုံနိုင်ပါ့မလား။...