PROLOGUE

1K 66 6
                                    

[Unicode]

မညှိုးပန်း တစ်ခါပွင့်တိုင်း ကိုယ့်အချစ် တစ်နှစ်တိုးမယ်။ နှလုံးသားကို သုံးဆောင်ရမှ စိတ်ချမ်းသာမယ်ဆိုရင် ဗီတာမင် စီပဲ ဖြစ်ရဖြစ်ရ။

~ Park Sung Hoon ~

»«

ဂျုံးဆောင်းနဲ့ ကျွန်တော် ဘယ်အချိန်ကစသိလဲ ဆိုတာ မမှတ်မိတော့ဘူး။ ခုရက်ပိုင်း ပြန်စဉ်းစားကြည့်နေပေမဲ့ ကလေးမှတ်ဉာဏ်ဆိုတော့ သိပ်မခံခဲ့ဘူး ထင်ပါရဲ့၊ တွေးမရတော့ဘူး။

ကျွန်တော် အမေ့ကို မေးကြည့်တော့ ငယ်ငယ်ကပေါ့လို့ အမေက ဖြေတယ်။ ငယ်ငယ်ကမှန်းတော့ ကျွန်တော်လည်း သိပါတယ်။ သဲပုံပေါ်မှာ ကစားလို့ရတဲ့ အရွယ်ကတည်းက ကျွန်တော်တို့ အတူတူ ရှိခဲ့ကြတာပဲလေ။

ကျွန်တော် သိချင်တာက ဘယ်လိုနေ့မှာ စတွေ့ပြီး ဘယ်လို ဆုံဖြစ်ခဲ့ကြတယ် ဆိုတာ။ ဘယ်လို အကြောင်းအရာက ကျွန်တော့်လို လူမျိုးကို သူနဲ့ မိတ်ဖွဲ့ဖို့ စေခိုင်းခဲ့သလဲဆိုတာ။ ဘယ်လို ဆက်သွယ်မှုကြောင့် လျင်လျင်မြန်မြန် ခင်မင်ခဲ့ကြသလဲဆိုတာ။

ကျွန်တော် နောက်ဆုံး သတိရတဲ့အရွယ်ကတော့ မူလတန်းကျောင်း ဖြစ်ပါလိမ့်မယ်။ မျက်မှန်လေးထောင့် တပ်ထားပြီး ခပ်ပိန်ပိန်၊ ခပ်သေးသေး ဖြစ်နေတဲ့ ကျွန်တော်ရယ်၊ ကျွန်တော့်လိုပဲ သေးပြီး နည်းနည်း အရပ်ရှည်တဲ့ ဂျုံးဆောင်းရယ်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူနဲ့ ကျွန်တော်က တပူးတွဲတွဲ ဖြစ်ပြီးနေပြီ။ အဲ့ဒီအချိန် မတိုင်ခင်ကတည်းက ပတ်ခ်ဆောင်းဟွန်းနဲ့ ပတ်ခ်ဂျုံးဆောင်းက တစ်အိမ်တည်းနေပြီး တစ်မအေတည်း မွေးတဲ့ အမြွာညီအစ်ကိုလို ခွာမရအောင် ပူးကပ်နေခဲ့ကြပြီးပြီ။

အား ~ ကျွန်တော် လိုချင်တဲ့ မှတ်ဉာဏ်တွေကို ပြန်တူးဆွပေးနိုင်မယ့်သူ မရှိတော့ဘူး ထင်ပါရဲ့။

»«

A/N - ပထမဆုံး ရေးတဲ့ fanfic ဆိုတော့ ပြောရရင် ကြောက်သလို စိတ်လည်း လှုပ်ရှားမိပါတယ်။ ပုံမှန် မဟုတ်ဘဲ ထူးထူးဆန်းဆန်းကြီး ဖြစ်နေခဲ့ရင် လာပြောတာဖြစ်ဖြစ် သည်းခံတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ Update ကတော့ ကြာပါမယ်နော်။ ရေးလက်စ OC အဆုံးမသတ်ရသေးလို့ပါ။

AMARANTH | SungJengWhere stories live. Discover now