EPILOGUE

642 54 37
                                    

[Unicode]

မင်းက ချစ်ပါတယ်လို့ ထုတ်ပြောမလာလို့။ တကယ်လို့ မင်းသာ ထုတ်ပြောလာခဲ့ရင်၊ သဲနာရီထဲက သဲမှုန်တွေလို အချိန်နဲ့အမျှ ငါ့နှလုံးသားက အဲ့ဒီနေရာမှာပဲ အရည်ပျော်ပြီး ပြိုလဲကျသွားရလိမ့်မယ်။

~ Park Jong Seong ~

»«

ဆောင်းဟွန်းက တွေဝေတတ်တဲ့ သူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ စဉ်းစားလွန်၊ အတွေးလွန်၊ သူများဘက်ကို အငဲ့လွန်လို့ ခုလိုမျိုး ဖြစ်ရတာ။

သူက ချစ်ပေမဲ့ မပိုင်ဆိုင်ရလည်း ဖြစ်တယ်လို့ ခံယူထားတာကြောင့် ကျွန်တော့်ကို ဘာမှ မတောင်းဆိုခဲ့ဘူး။ အလိုက်မသိတဲ့ ကျွန်တော်ကလည်း သူပြတဲ့ အချစ်တွေကို မမြင်နိုင်ခဲ့ဘူး။ မြင်ခဲ့ရင်တောင်မှ မလိုအပ်တဲ့ မာနတွေကြောင့် ကျွန်တော် သူ့ကို မမြင်ချင်ယောင် ဆောင်ခဲ့မိတယ်။

ဒါပေမဲ့ သူသာ ကျွန်တော့်ကို လာခဲ့ပါလို့ ပြောခဲ့ရင် ကျွန်တော် ပြေးလာမိလိမ့်မယ် ထင်တယ်။ ဘယ်လောက်ပဲ ဟန်ဆောင်ဆောင် ကျွန်တော် အချစ်ရဆုံး ကြယ်လေးက ပတ်ခ်‌ဆောင်းဟွန်းပဲ။ ဒီမှဲ့နက်လေးကို နမ်းရှိုက်ချင်မိတာ အကြိမ်ကြိမ်ပဲ။

ခက်တာက နှစ်ယောက်စလုံး မပွင့်လင်းခဲ့ကြတာ ဖြစ်နေတယ်။

သူကလည်း ကျွန်တော့်ကို မခေါ်ဘူး။ သူ ခံစားရသမျှကို ကျိတ်မှိတ် သည်းခံပြီး နေရာတိုင်းမှာ အဆင်ပြေဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်ကလည်း သူ့ကို မခေါ်ဘူး။ ကိုယ့်လူတုံးတာ မသိဘဲ အဖြေရှာဖို့ Hint ပေါင်းစုံသာ ပေးခဲ့မိတယ်။

တကယ်ပါပဲ။ အနစ်နာခံတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ အကြီးမားဆုံး ဒုက္ခ။ ဘယ်လောက်ပဲ ကြင်နာတတ်နေနေ၊ လူမှန်ရင် ကိုယ့်အတွက်တော့ တစ်ကိုယ်ကောင်း ဆန်တတ်ရမယ် မဟုတ်လား။

ဒါကြောင့် ကျွန်တော် သူ့ကို တွေ့ရင် ပြောချင်တာက -

"မင်းဖန်တီးတဲ့ အနုပညာကြောင့် မင်းကိုယ်တိုင် ကျော်ကြားခွင့် ရှိတယ်"

ဆိုတာပါပဲ။

»«

"ရယ်ရတယ်လား"

AMARANTH | SungJengWhere stories live. Discover now