[Unicode]
"ဟွန်းဟွန်းရေ လေဆိပ်သွားတော့လေကွယ်"
အိပ်ရာထလာခဲ့ပေမဲ့ အိပ်ချင်မူးတူးနဲ့ ဆိုဖာပေါ် ထိုင်ပြီး ဆက်ငိုက်နေတုန်းမှာပဲ အမေ့ရဲ့ အော်သံက ထွက်လာတယ်။ အဲ့ဒီအခါကျမှ ကိုယ့်တာဝန် ကိုယ် သတိရပြီး ခပ်မြန်မြန် ရေချိုးခန်းထဲ ပြေးဝင်ရတော့တယ်။
နာရီက ကပ်သီးလေး လိုတော့တာပဲ။ မတော်တဆ နောက်ကျသွားခဲ့ရင် ဒီမှာ နေခဲ့တဲ့သူ ဖြစ်ပေမဲ့လည်း မနေတာ ကြာပြီမို့ လမ်းပျောက်နေလောက်တယ်။ ကျွန်တော် ဘာလို့ ညက နောက်ကျတဲ့အထိ တောင်တွေးမြောက်တွေးတွေ လျှောက်တွေးနေမိလဲ မသိတော့ဘူး။ မဟုတ်ရင် အစောကြီး လေဆိပ်သွားနိုင်ရမှာကို။
Taxi က ခပ်မြန်မြန် ကျွန်တော့်ကို ရပ်ပေးလို့ တော်ပါသေးတယ်။ မဟုတ်ရင် ကျွန်တော်က သားအဖြစ်ကနေ အမွေဖြတ် စွန့်လွှတ်ခံရတော့မှာလေ။ အဲ့ဒီတော့ Taxi သမား ဦးလေးကြီးကိုပဲ အလောတကြီး တိုက်တွန်းရတော့တာပေါ့။
လမ်းတစ်လျှောက် ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်မိတော့ ရာသီဥတုက သာယာနေခဲ့တယ်။ အပူဒဏ်နဲ့ လေတိုက်ခြင်းကို တစ်ပြိုက်နက် ခံစားရတဲ့ နွေရာသီ ရောက်ပြီပဲ။
လေဆိပ်ထဲ ရောက်တော့ လူတောင် တော်တော် ကျနေပြီ။ ကံကောင်းတာက လူတော့ မစုံသေးဘူး။ နာမည်ရေးထားတဲ့ ကတ်ထူပြားကို ဆွဲထုတ်ပြီး လူအုပ်ကြီးရဲ့ အနား ခပ်မြန်မြန် သွားရပ်မိရတယ်။ ဒီနှစ်တွေမှာ ကျွန်တော် အရပ်ရှည်လာတယ်လေ။ အဲ့ဒါကြောင့် ထွက်လာသူဟာ ကျွန်တော်နဲ့ သူ့နာမည် ကတ်ပြားကို မြင်နိုင်ကောင်းပါရဲ့။
WELCOME HOME, PARK JONG SEONG !
အ ~ ကျွန်တော် ခုမှ ငုံ့ကြည့်မိတယ်။ လက်ဖျားထိထားတဲ့ နေရာမှာ အသည်းပုံလေးပဲ။ သေချာတာကတော့ မေမေပဲ ဖြစ်ရမယ်။ သူက ကျွန်တော့်ထက်တောင် လာမယ့်လူကို ပိုတွေ့ချင်နေတာလေ။ အိမ်မှာ ဘာဟင်းတွေများ ချက်ထားနေမလဲ ဂျုံးဆောင်းအစား ရင်ခုန်ရသေးတယ်။
ဟော ~ လူတွေ ရောက်လာကြပြီ။
ဟော ~ သာ ပြောတာ မတွေ့တာကြာလို့ ကျွန်တော် ဂျုံးဆောင်းကို မမှတ်မိတော့ဘူး။ ကျွန်တော့်ဆီမှာ ရှိတဲ့ ဓာတ်ပုံထဲက ဂျုံးဆောင်းက ၁၀ နှစ်ပဲ ရှိသေးတာမို့ ကလေးလေးပဲ ဖြစ်နေခဲ့တာ။ အဲ့ဒီအတွက် ၂၀ အရွယ် ဂျုံးဆောင်းဟာ ဘယ်လိုဖြစ်မလဲ မခန့်မှန်းတတ်ဘူး။
YOU ARE READING
AMARANTH | SungJeng
FanfictionPark Sung Hoon × Park Jong Seong Start Date ~ August 4 2022 End Date ~ October 27 2022