[Unicode]
တတိယနေ့ရဲ့ မနက်ခင်း ရာသီဥတုဟာ အနှစ်နှစ်ဆယ်အတွင်းမှာ အကောင်းဆုံးလို့ကို ထင်မိရပါတယ်။ နေရောင်က လှပ်ထားတဲ့ တံခါးပေါက်က တစ်ဆင့် အိမ်ထဲကို ကောင်းစွာ ကျရောက်နေတော့ ဗီတာမင် ဒီ ဟာ တကူးတက ရှာစရာ မလိုဘဲ ကိုယ်ထဲ ရောက်လာတော့တာပါပဲ။
"ဟွန်း ဒီနေ့ ကျောင်းသွားရမှာလား"
အခန်းတံခါးကို ပိတ်လိုက်သံကြောင့် ပန်းကန်တွေ ချနေတဲ့ မေမေက မေးလာတယ်။ ဒီအတိုင်း ပြောလိုက်တာ ဖြစ်ပေမဲ့ အရင်ထက်ပိုပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတဲ့ ပုံစံကြောင့် ကိုယ့်ဟာကိုယ်တော့ ရှက်သွားမိရတယ်။
"ဟုတ်တယ် မေမေ။ Professor က ဒီတစ်နေ့တော့ လာတက်မှ ဖြစ်မယ်ဆိုလို့။"
"ဟင် ဒါဆို ဂျုံဆောင်းကို ဘယ်လို လုပ်မလဲ"
မေမေ စိုးရိမ်တာလည်း မှန်ပါတယ်။ တခြားကျောင်းကို သူ(မ)က သွားရပြီး ကျွန်တော်ကလည်း အတန်းတက်ရမယ်ဆိုတော့ ဂျုံဆောင်း တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရတော့မှာလေ။
"ခေါ်သွားမယ်"
"ခေါ်သွားမယ်"
မေမေ့သံယောင်စကားကို အတည်ပြုတဲ့ အနေနဲ့ ထပ်ပြောလိုက်တယ်။
"ဟုတ်တယ် မေမေ။ သိပ်မကြာဘူးဆိုတော့ အဆင်ပြေလောက်မှာပါ။ သူလည်း ကျောင်းဝန်းထဲကို လှည့်ပတ်ကြည့်လို့ ရတာပေါ့။"
"အင်း ~ ဒါဆိုလည်း ကောင်းပါတယ်။ မေမေကတော့ ညနေမှ ပြန်လာနိုင်မှာနော်။"
"စိတ်ဖြောင့်ဖြောင့်သာ သွားပါ အစ်မကြီးရယ်"
မေမေက ခုမှ စိတ်ချမ်းသာသွားသလိုနဲ့ ရယ်ရင်း ဟင်းရည်ဇွန်းကို သူ့အနား တိုးပေးလာတော့တယ်။
"မြည်းကြည့်ပါဦး"
"ကောင်းတယ် မေမေ။ ဂျုံဆောင်း ကြိုက်မယ့်ပုံပဲ။"
ထမင်းစားပွဲပေါ်မှာ ပန်းကန်သုံးခု ချထားတာ ကြည့်ပြီး ကျွန်တော့်စိတ်ထဲ နွေးထွေးသလို ခံစားလိုက်ရတယ်။ ပန်းကန်သုံးခု၊ ဖေဖေ မရှိတော့ကတည်းက ပန်းကန်သုံးခု မဖြစ်ခဲ့တာ ကြာခဲ့ပြီပဲ။
YOU ARE READING
AMARANTH | SungJeng
FanfictionPark Sung Hoon × Park Jong Seong Start Date ~ August 4 2022 End Date ~ October 27 2022