AMARANTH ~ 8

279 42 34
                                    

[Unicode]

အခန်းထဲ ခြေချလိုက်တော့ လိုက်ကာစလေး‌တွေ လှုပ်ခတ်သွားတာနဲ့ ကြုံတယ်။

"ဘာပြောလဲ ဟွန်း"

အမေ့ကို ဆေးရုံအဝတ်အစားနှင့် မြင်ရတာက နာကျင်ရလိုက်တာ။ ဓာတ်စာတွေ ပေးထားပေမဲ့လည်း ကျန်းမာတဲ့ လူလိုတော့ လက်ချောင်းတွေက ဖောင်းပြည့်မနေတော့ဘူး။

"ပြန်ကောင်းသွားမှာပါတဲ့။ ‌ဆရာဝန်က အမှန်ပြောတာပဲ ဖြစ်မှာမို့ အမေက အစားကိုပဲ ဂရုထားပြီး စားနော်။"

အမေက သိပ်တော့ ယုံကြည်ပုံ မရဘူး။ လက်ဖျံတွေမှာ ရှုပ်ရှက်ခပ်နေတဲ့ ပိုက်တွေက လူကောင်းရယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။

"အမေ စိတ်မကောင်းပါဘူးကွယ်"

စွပ်ပြုတ်ဇွန်း ကိုင်ထားတဲ့ ကျွန်တော့်လက်က မွှေရင်း ရပ်သွားမိရတယ်။ အားပျော့တဲ့ ဒီအသံကိုလည်း ကျွန်တော် မကြားချင်လှဘူး။ ဒါပေမဲ့ အမေ့ကို ဘယ်လိုမျိုး နှစ်သိမ့်ရမလဲလည်း စကားရှာမတွေ့ပြန်ဘူး။

အဖေ ထွက်ခွာသွားတဲ့ အချိန်တုန်းက သိပ်ကို ငယ်လွန်းသေးတာမို့ ကျွန်တော် ဝမ်းနည်းခဲ့ပေမဲ့လည်း ဒီလောက်ကြီး စိတ်မဖိစီးခဲ့ရဘူး။ အမေ ရှိသေးတယ်။ အမေက လိုလေးသေး မရှိအောင် ပြုစုပျိုးထောင်‌ပေးနေတော့ ခပ်သာသာပဲ နေ့ရက်တွေကို ကျော်ဖြတ်မိခဲ့တယ်။

ဒါပေမဲ့ အခုလို ဘေးနားက မဏ္ဍိုင်ကြီး ပြိုလဲကျခါနီး ဖြစ်လာတော့ တည်ငြိမ်အောင် ကြိုးစားပြင်ဆင်ပေမဲ့ ဆောက်တည်ရာမရ ဖြစ်နေမိရတယ်။ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့ရမှာမို့ ဝမ်းနည်းတယ် ဆိုတာထက် အမေ မရှိတော့မှာက အိပ်မက်ဆိုးကြီးလိုပဲ။

မနက် မိုးလင်းတာနဲ့ "နိုးပြီလား ဟွန်း" လို့ မေးမဲ့ သူ။ အလုပ်များတဲ့ ကြားက သားအတွက် အပြုံးတွေ ဖောဖောသီသီ ပေးမဲ့သူ။ အိမ်ပြန်ရောက်တာနဲ့ လက်ဆေးပြီး ဟင်းတန်းချက်ပေးမဲ့ သူ။ ရှိတယ်ဆိုရုံလေးနဲ့တင် ကမ္ဘာမြေက ငြိမ်းချမ်းတယ်လို့ ခံစားရစေတဲ့သူ။

"ဆောင်းဦးမှာ နှင်းတွေ ကျတာကိုတော့ အပြီးထိ မြင်သွားချင်သေးတယ်"

AMARANTH | SungJengWhere stories live. Discover now