Unicode & Zawgyi
Unicode
"သားဂျောင်ကုရေ......"
နောက်တစ်ပတ်ထုတ်ဝေမယ့် စာအုပ်အသစ်ရဲ့ detailတွေကို တစ်ချက်ပြန်စစ်နေတဲ့ ဂျောင်ကုဟာ အထက်ပါအသံကိုကြားလိုက်ရတာနဲ့ စားပွဲခုံပေါ်တင်ထားတဲ့ ကားသော့ကို လက်ကဆွဲပြီးသား။"သားဂျောင်ကုရေ"လို့အစချီတဲ့ ဖုန်းကောလ်လေးက ဘယ်လိုမှကောင်းသတင်းမဖြစ်နိုင်။နောက်ဆုံးတော့လည်း ကားသော့ကိုဆွဲ အတွင်းရေးမှူးမလေးကို အိမ်ပြန်တော့မည်ဖြစ်ကြောင်းပြောကာ သွားခေါ်နေကျBarဆီသို့ ဉီးတည်ရတော့ပြန်သည်။နေရာလွတ်နေတဲ့ ကားပါကင်မှာရပ်လိုက်ပြီး Barအတွင်းကိုဝင်သွားလိုက်တော့ မျက်မှန်းတန်းမိနေတဲ့ Waiterလေးကတောင် နှုတ်ဆက်လာသည်။သူ့ကိုတစ်ချက် ပြန်ပြုံးပြလိုက်ပြီး VVIPဝိုင်းမှာ ဝီစကီတစ်ပုလင်းနဲ့ ငြိမ့်နေမယ့် သကောင့်သားလေးကို ဂုတ်ကနေသွားဆွဲရဉီးမည်။ထင်သည့်အတိုင်းပင် VVIPဝိုင်းတစ်ခုမှာ ဖန်ခွက်လေးကိုင်ပြီး ငြိမ့်နေတဲ့သကောင့်သားဟာ ဘေးတစ်ဖက်တစ်ချက်စီမှာလည်း စော်အလန်းလေးတွေကပါသေးသည်။ပုလင်းတွေဆိုတာကလည်း မရေမတွက်နိုင်အောင်ပင်။
"ကင်မ်ဆော့ဂျင်"
သူ့နာမည်ကို မာမာထန်ထန်တစ်ချက်အော်ခေါ်လိုက်ကာ ခါးကိုထောက်လိုက်တော့ ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လေသည်။
"ကိုကို"
"အခုထ.....ပြန်မယ်"
သို့သော် တုပ်တုပ်မျှလှုပ်မလာသော အကောင်စုတ်ကလေးကြောင့် ဒေါသကငယ်ထိပ်စောင့်တက်လာလေပြီ။လက်သီးကိုတင်းတင်းဆုပ်ကာ အော်ငေါက်ချင်ပေမယ့် သူ့ကိုယ်သူ လူကြီးရယ်ပါလို့ ခံယူထားတဲ့ ထိုအကောင်ပေါက်ကို မိန်းကလေးတွေရှေ့ အော်ငေါက်မိရင် တစ်ပတ်၊ဆယ်ရက်လောက် ထိုင်ချော့နေရမည်ကို သိသဖြင့် လက်သီးကိုဆုပ်ကာ၊ ဖြန့်ကာရယ်နဲ့ ဒေါသတွေကို လျှော့ချနေရသည်။ထိုကလေးကို ငယ်ငယ်ကတည်းက ထိန်းခဲ့ရသူမို့ အားနည်းချက်ကို ကောင်းကောင်းကြီးသိသည့်အပြင် ပျော့ကွက်ကိုပါနင်းတတ်တာမို့ အရင်ဆုံး မျက်နှာလေးကို ငယ်သထက်ငယ်လိုက်ရသည်။ပြီးမှ နားထင်ကို လက်ဖြင့်ဖျစ်ကာ စားပွဲပေါ်မှာတင်ထားတဲ့ ရေခဲရေဖန်ခွက်ကို အရင်ယူသောက်လိုက်သည်။
YOU ARE READING
TE ADORO:LAVENDER [COMPLETED]