Unicode & Zawgyi
Unicode
မနေ့ညကမောင်နဲ့စကားပြောပြီးနောက် စာအုပ်တိုက်ကပါလာတဲ့အလုပ်တွေလုပ်ရင်း ညဉ့်နက်သွားသဖြင့် နေ့လယ်စာစားခါနီးထိအိပ်ပျော်နေတဲ့ဂျောင်ကုဟာ တဒီးဒီးမြည်နေတဲ့ဖုန်းသံအား လျစ်လျူရှုကာ ခေါင်းကိုခေါင်းအုံးနဲ့ဖိပြီး ပြန်အိပ်ရန်ကြိုးစားနေသည်။သို့သော် မကိုင်မချင်းမြည်နေတဲ့ဖုန်းကြောင့် စောင်အောက်ကနေလက်တစ်ဖက်ထွက်ကာ Night Standပေါ်ကဖုန်းကို မမြင်မစမ်းနဲ့လိုက်ရှာနေမိသည်။လက်ထဲဖုန်းပါလာပြီဆိုမှ ခေါင်းထိခြုံထားတဲ့စောင်ကိုဖယ်ကာ ဖုန်းကိုင်ရတော့သည်။လေးပင်ထိုင်းမှိုင်းနေတဲ့ ဂျောင်ကုရဲ့ဟယ်လိုထူးသံရဲ့နောက်မှာကပ်ပါလာတဲ့ ရယ်သံတိုးဖျဖျလေးကြောင့် ခေါင်းထဲမှာအချက်ပေးခေါင်းလောင်းသံတွေမြည်လာပြီး အိပ်နေရာကနေထထိုင်မိသည်။
"Good Morningဒါမှမဟုတ် Good afternoonပါကိုကို"
"မောင်~~"
"ဗျာ~~ဗျ"
"မောင်ဘယ်ရောက်နေပြီလဲ"
"မောင်အခုပဲဆိုးလ်ကိုဆိုက်ရောက်ပါတယ်ဗျာ"
ထိုအသံလေးကြောင့် အိပ်ရာပေါ်ကခုန်ဆင်းကာ အဝတ်ဗီရိုရှေ့ဝရုန်းသုန်းကားပြေးဆင်းသွားပြီး အင်္ကျီတွေဆွဲထုတ်နေတဲ့ဂျောင်ကုဟာ ပြီးခဲ့တဲ့တစ်ပတ်တာသောကာလအတွင်းမှာ မောင့်ကိုရူးမတတ်လွမ်းခဲ့ရတာပင်။အဆင်ပြေရင်နေ့ချင်းတောင်ပြန်လာလို့ရတယ်ဆိုတဲ့ မောင့်ခရီးစဉ်ဟာ မထင်မှတ်ဘဲ တစ်ပတ်လောက်အထိကြာသွားခဲ့တာမို့ ဂျောင်ကုမှာဒီအရွယ်ကြီးရောက်မှ မျောက်မီးခဲကိုင်ရသလိုပင်။ညပိုင်းအလုပ်ပြီးသည့်အချိန်တွင် ထမင်းစားရင်း onlineကတစ်ဆင့် ဆက်သွယ်ဖြစ်ကြပေမယ့် အပြင်လောကလိုတော့ ပွေ့ဖက်နမ်းရှုံ့လို့မရတာမို့ ဂျောင်ကုအတွက်က မောင့်ကိုသတိရလွမ်းဆွတ်ခြင်းများနှင့်သာ ရက်သတ္တပတ်တစ်ခုလုံးကို ကုန်ဆုံးခဲ့ရတာဖြစ်သည်။အခုတော့ မောင်ပြန်လာပြီလေ။ဒါကြောင့် အိပ်ရာကနေအသည်းအသန်ကုန်းရုန်းထကာ အဝတ်အစားတွေဆွဲထုတ်နေတဲ့ဂျောင်ကုဟာ ဖုန်းထဲကနေသတိပေးလာတဲ့ အသံချိုချိုလေးကိုကြားမှ ကိုယ့်ကိုကိုယ်မျက်နှာမသစ်ရသေးမှန်း သတိရသွားတာပင်။
YOU ARE READING
TE ADORO:LAVENDER [COMPLETED]