~~F~~

1.4K 174 50
                                    

Unicode & Zawgyi

Unicode

မနက်အစောဝေလီဝေလင်းကြီးမှာ တစ်ရေးနှိုးလာခဲ့တော့ ပထမဆုံးမြင်လို​က်ရတာက ဂျောင်ကုနဲ့မျက်နှာချင်းဆိုင်မှာ အိပ်ပျော်နေတဲ့ အလှတရားလေး။ဖောင်းဖောင်းအိအိမျက်ခွံလေးတွေနဲ့ ယပ်တောင်လေးဖြန့်ထားသကဲ့သို့ ပြန့်ကားတည်ရှိနေတဲ့ မျက်တောင်ခပ်စိပ်စိပ်လေးတွေကအစ ပန်းသွေးရောင်သန်းနေတဲ့ ပါးပြင်ဖောင်းဖောင်းလေးအဆုံး ကင်မ်ဆော့ဂျင်ပိုင်ဆိုင်ထားတဲ့အရာရာဟာ ထိရက်စရာမရှိလောက်အောင် ကိုင်သွားရင်ပဲ့ကြွေသွားမတတ်ကို လှပတင့်တယ်လွန်းတာပင်။နောက်ဆုံးအနေနဲ့ ဖူးကြွနေတဲ့ နှုတ်ခမ်းအစုံဆီ အကြည့်တို့ရွေ့လျားသွားချိန်မှာတော့ လည်ချောင်းတွေထဲကနေပါ ခြောက်ကပ်လာပြီး မျက်ရည်တွေတောင်လည်လာသလိုပင်။ဆော့ဂျင်နီးရဲ့အသားအရည်ဟာ နုနုနယ်နယ်လေးပေမို့ အားနည်းနည်းထည့်ပြီးကုတ်ခြတ်မိရင်တောင် နီရဲတက်လာတာပင်။အခုကဆောင်းဉီးဝင်ခါနီးလာပြီး အအေးဓာတ်ကလည်း ပိုကဲလာပြီမို့ ပါးပြင်လေးတွေ၊နှုတ်ခမ်းသားလေးတွေဆိုတာဟာလည်း ပန်းသွေးရောင်သန်းနေတဲ့သည်မှာ ပြောရက်စရာတောင်မရှိ။

မှန်နံရံတွေကာရံထားတဲ့ ဟိုတယ်အခန်းကြီးဟာ အပူပေးစက်ကြီးတွေလည်း ဖွင့်ထားပါသော်လည်း အအေးဒဏ်ကိုသိပ်မခံနိုင်တဲ့ ကောင်လေးငယ်ဟာတော့ လူလေးကလည်းပိုကွေးလာကာ စောင်အောက်ထဲတိုးဝင်နေသည်မို့ ထိုပုံစံလေးဟာ ပုစွန်ထုတ်သေးသေးလေးကဲ့သို့ သိပ်ကိုချစ်ဖို့ကောင်းပါရဲ့။ကြည့်နေရင်းကတောင် စောင်ပုံထဲ ကွေးသထက်ကွေးဝင်နေတဲ့ကောင်လေးအား သနားဂရုဏာသက်လာတာကြောင့် အနားတိုးသွားကာ ရင်ခွင်ထဲထည့်လိုက်တော့ ဂျောင်ကုလည်တိုင်နားမျက်နှာအပ်ကာ လက်တွေကလည်းခါးကို လွတ်ထွက်မတတ်ဖက်ထားပြီး ရင်ခွင်ထဲနှစ်သထက်နှစ်ဝင်နေအောင် တိုးလာလေသည်။စောင်ထူထူကိုနှစ်ယောက်လုံးအပေါ်လွှမ်းခြုံကာ ဂျောင်ကုရင်ငွေ့တို့ဖြင့်နွေးစေလိုက်ရင်း နောက်ထပ်တစ်ကြိမ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရတော့သည်။

နောက်ထပ်တစ်ကြိမ် နှိုးလာတော့ ရင်ခွင်ထဲက လှိုက်ဟာမှုနှင့်အတူ ကြားနေရတဲ့စကားသံသဲ့သဲ့။ဘေးဘီကိုလှည့်ပတ်ကာကြည့်မိတော့ ခန်းစီးတွေသိမ်းဖယ်ထားတဲ့ မှန်သားပြတင်းပေါက်ပေါ် လက်ထောက်ကာ ဖုန်းပြောနေတဲ့သူ။ရေချိုးပြီးကာခါစလို့ထင်ရတဲ့ ထိုကောင်လေးဟာ အပေါ်ပိုင်းဗလာကျင်းနေကာ အောက်ပိုင်းကိုလည်း တပတ်လေးသာပတ်ထားတာမို့ မျက်နှာလေးဟာနွေးကနဲ။သို့ပေမယ့် ထိုကောင်လေးရဲ့ နှုတ်ဖျားကနေထွက်ကျလာတဲ့ အသုံးအနှုန်းလေးကြောင့် နှလုံးခုန်သံတွေက ရုတ်တရက်မြန်လာကာ မထင်မှတ်ပါပဲ နားစိုက်ထောင်နေမိသည်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now