~~O~~

1.4K 149 31
                                    

Unicode & Zawgyi

Unicode

"ကိုကို!!"

ရုံးခန်းထဲမရောက်ခင်မှာတင် အဝေးမှာကတည်းက ကြားလိုက်ရတဲ့ခေါ်သံစူးစူးကြောင့် PDF fileနဲ့ စာမူတွေစစ်နေတဲ့ ဂျောင်ကုမှာပြုံးရုံသာ တတ်နိုင်တော့သည်။သူ့အိမ်သူ့ယာကဲ့သို့ အတွင်းရေးမှူးကိုလည်းခွင့်မတောင်း၊ တံခါးလည်းမခေါက်ဘဲ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခဲ့သည်မှာ ရည်စားဖြစ်ပြီး တစ်လနီးပါးကြာလာခဲ့ပြီဖြစ်သည်။ဆူပူချင်ပေမယ့်လည်း မျက်နှာငယ်လေးနဲ့ မောင့်ကိုမဆူပါနဲ့လို့ ခပ်ချွဲချွဲလေးဆိုတိုင်း ထွက်သမျှဒေါသတွေဟာလည်း လည်ချောင်းဝတွင်သာ တံတွေးအဖြစ်နဲ့ပျောက်,ပျောက်သွားပြီး မျိုချခဲ့ရပေါင်းလည်းမနည်းခဲ့။ဒါကြောင့် သူဘာလဲလုပ်လုပ်မပြောတော့ဘဲ ကြည့်နေလိုက်ဖို့သာ အတွင်းရေးမှူးကိုရော၊ ကိုယ့်စိတ်ကိုယ်ရော ပြောပြထားရသည်။သို့သော် ကလေးလေးက ဧည့်သည်ရှိနေတဲ့အချိန်တွေဆိုရင်တော့ အခန်းထဲဇွတ်တရွတ်ဝင်လာပြီးမှ မျက်နှာငယ်လေးနဲ့တောင်းပန်ကာ ပြန်ထွက်သွားပေးတတ်သည်။အခုတော့ ဧည့်သည်ရှိမနေတာကို သိပုံရတဲ့ကလေးဟာ သူထုတ်ပိုးလာတဲ့နေ့လယ်စာတွေကို စားပွဲပေါ်တင်ကာ ဂျောင်ကုနောက်ကျောဘက်ကို ရောက်လာတာကို ခံစားမိလိုက်သည်။ခါးထက်ကတင်းကြပ်သွားတဲ့ ခံစားမှုလေးရယ်၊ ပါးပြင်ထက်က နွေးထွေးသွားတဲ့ အထိအတွေ့လေးတွေရယ်ကြောင့် မျက်မှန်ဝိုင်းလေးကိုချွတ်လိုက်ကာ အနောက်ဘက်ကရင်ခုန်သံလေးရဲ့ ဆံပင်နုနုလေးတွေကို ပွတ်သပ်လိုက်သည်။

"မောင်.....ဒီနေ့အစောကြီးပဲ"

"သွားစရာရှိတယ်......အဲ့တာကိုကိုလိုက်ခဲ့"

သားရေဆုံလည်ထိုင်ခုံကနေကို အထမခံဘဲ ဖက်တွယ်ထားတဲ့သူ့ရဲ့ လက်တွေကိုအသာအုပ်မိုးကာ ခုံကိုတစ်ပတ်လှည့်လိုက်တော့ သိပ်ကိုသဘောကျရတဲ့ မျက်ဆံညိုညိုလေးတွေနဲ့ဆုံတွေ့လေသည်။ဒီနေ့မှ ခါတိုင်းနေ့တွေထက် ပို၍ချောမောနေတယ်ထင်ရတဲ့မောင်ဟာ အောက်ခံရှပ်အဖြူဗြောင်အပေါ်မှာ ခရမ်းနုရောင်ဆွယ်တာလေးကို ထပ်ဝတ်ထားတာဖြစ်ပြီး ခရမ်းဆွဲကျောက်နားကပ်လေးပါဝတ်ဆင်ထားတာမို့ တောက်ပလွန်းသည်မှာ မျက်စိတောင်ကျိန်းချင်စရာ။မျက်နှာနုနုကိုထိန်းကိုင်ကာ နှုတ်ခမ်းထူထူလေးပေါ် ဖိကပ်နမ်းရှိုက်လိုက်တော့ ချိုချဉ်အနံ့လေးနဲ့ စိုစွတ်စွတ်အထိအတွေ့လေးက ဆီးကြိုတာမို့ ပြုံးလိုက်မိသည်။ဒီကလေး နှုတ်ခမ်းနီတွေပါဆိုးလာပုံထောက် သွားစရာနေရာက တော်တန်ရုံအရေးကြီးတာမဟုတ်ဘူးထင်။

TE ADORO:LAVENDER [COMPLETED]Où les histoires vivent. Découvrez maintenant