~~G~~

1.4K 178 66
                                    

Unicode & Zawgyi

Unicode

မျက်လုံးတွေကိုဖွင့်လိုက်မိတော့ စူးရှနေတဲ့မီးအလင်းရောင်ဟာ မျက်လုံးကိုတိုက်ရိုက်လာထိတာမို့ မျက်တောင်နှစ်ချက်၊သုံးချက်ခတ်ကာ အလင်းရောင်နှင့်အသားကျအောင် ကြိုးပမ်းနေရသေးသည်။အလင်းရောင်နဲ့အသားကျသွားပြီဆိုတော့မှ နှာခေါင်းထဲတိုးဝင်လာတဲ့ ပိုးသတ်ဆေးအနံ့ကြောင့် ဆေးရုံရောက်နေပြီမှန်းသိလေသည်။ဘေးကိုအသာစောင်းကြည့်လိုက်တော့ ဂျောင်ကုအိပ်နေရာကုတင်နဲ့ မျက်စောင်းထိုးမှာတည်ရှိတဲ့ ကော်ဖီရောင်ဆိုဖာပေါ်မှာ ခေါင်းငိုက်စိုက်ကျနေတဲ့သူ့ကို တွေ့လိုက်ရသည်။ဒူးနှစ်ဖက်ကိုခွဲထားကာ ထိုဒူးခေါင်းပေါ်လက်ထောက်ပြီး မျက်နှာကိုအုပ်ကိုင်ကာ ခေါင်းငိုက်စိုက်ကျနေပုံမှာ တစ်လောကလုံးကို အရှုံးပေးထားသည့်နှယ်။ဂျောင်ကုနိုးနေတာကိုတောင် သိပုံမရဘဲတစ်ယောက်တည်း အတွေးကမ္ဘာထဲနှစ်မြုပ်နေတဲ့ ထိုကောင်လေးကိုလှမ်းခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း ပွင့်ဟလာတဲ့ဆေးရုံအခန်းတံခါးနှင့်အတူ ဝင်လာတဲ့မားဟာ ဂျောင်ကုနှိုးနေတာကို မြင်တွေ့သွားခဲ့တာမို့ ခေါင်းကိုတည့်တည့်ပြန်လှည့်ရတော့သည်။မားကခေါ်လိုက်မှ ပြန်လည်သတိဝင်လာသော ထိုကောင်လေးရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်စလေးတွေကိုလည်း မြင်လိုက်ရသေးတာမို့ ထိုကလေးလေးဝမ်းနည်းနေပြီဆိုတာကို သိလိုက်ရသည်။

ငယ်ငယ်လေးကတည်းက ဂျောင်ကုနေမကောင်းဖြစ်တိုင်း မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ ငိုမဲ့မဲ့လေးဖြစ်နေတတ်တဲ့ထိုကောင်လေးဟာ သူ့လက်ဖဝါးသေးသေးလေးနဲ့ ဂျောင်ကုနဖူးလေးကို လာလာစမ်းတတ်သေးသည်။ပြီးမှ သူ့နှုတ်ခမ်းဖူးဖူးလေးနဲ့ ဂျောင်ကုနဖူးပေါ်နမ်းရှိုက်ပြီး 'သားသားကမှော်ဆရာကြီးမို့ကိုကိုမကြာခင်ဖျားတာပျောက်တော့မှာ'ဆိုပြီး ဂျောင်ကုအားကုသပေးတတ်သည်။ထိုလိုနေ့တွေဆိုရင် ဂေါ်နဲ့ကော်ထုတ်ရင်တောင် အိမ်မပြန်တတ်တာမို့ ဂျောင်ကုနေမကောင်းတဲ့ရက်တွေဆိုရင် မေမေတို့ဟာ ဆော့ဂျင်ရဲ့အဝတ်အစားအပိုတွေ ယူလာရစမြဲ။အခုလည်း ဂျောင်ကုဘေးအသာဝင်ရပ်ကာ မျက်ရည်လေးတွေဝဲနေတဲ့ မျက်လုံးလေးတွေနဲ့ ငုံ့ကြည့်နေသေးသည်။မားမားကတော့ အစားအသောက်ကိုမေ့တဲ့အထိ အလုပ်ကိုအာရုံစိုက်လွန်းတဲ့ဂျောင်ကုအား ဂရုဏာဒေါသောဖြင့်ဆူပူနေသည်။အနောက်ကနေပါလာတဲ့ မေမေကလည်း ဂျောင်ကုအား နောက်တစ်ကြိမ်ထပ်မဖြစ်အောင်ဂရုစိုက်ဖို့ အတန်တန်မှာနေသည်။သို့သော် ထိုအချိန်ထိ ဂျောင်ကုဘေးမှ ကျောက်ရုပ်ကြီးကဲ့သို့ တုပ်တုပ်မျှမလှုပ်ဘဲရပ်နေတဲ့ ကိုလေအိုးလေးကတော့ ဘာစကားမှဆိုမလာသေး။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now