~~L~~

1.7K 170 79
                                    

Unicode & Zawgyi

Unicode

ပန်းနုရောင်pajamaလေးရဲ့အပေါ်ဆုံးကြယ်သီးတွေကိုတပ်ရင်း ရေကျသံတွေနဲ့ဆူညံနေတဲ့ရေချိုးခန်းကို လှမ်းကြည့်လိုက်သည်။အင်္ကျီလေးသာစိုသွားတဲ့ဂျောင်ကုကတော့ ရေချိုးမနေတော့ဘဲ အင်္ကျီသာလဲလို့အဆင်ပြေပေမယ့် မိုးရေထဲထိုင်နေခဲ့တဲ့ကောင်လေးငယ်ကတော့ ရေချိုးနေရသည်။ဂျောင်ကုနဲ့ဆင်တူအပြာရောင်pajamaလေးကို ကုတင်ပေါ်တင်ထားပေးလိုက်ပြီး မှန်တင်ခုံအောက်အံဆွဲထဲကနေ dryerလေးထုတ်ကာ ကုတင်ခေါင်းရင်းကပလပ်ခုံနဲ့ ဆက်သွယ်ထားလိုက်သည်။အကုန်လုံးကိုအဆင်သင့်ပြင်ပြီးတာတောင် ထွက်မလာသေးတဲ့ကောင်လေးကိုစောင့်သည့်အနေဖြင့် အိပ်ရာပေါ်လှဲချလိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားမိသည်။ဇာတ်လမ်းတွေကို အပြီးသတ်ခဲ့ပြီပြောတဲ့ကောင်လေးငယ်ကို အကြွင်းမဲ့ယုံကြည်သင့်လားမသိပေမယ့် ဂျောင်ကုနှလုံးသားကတော့ ကုန်းကောက်စရာမရှိတော့လောက်အောင် ကြေမွနေခဲ့ပြီးဖြစ်သည်။အချစ်ဉီးဖြစ်သည့်အပြင် အသက်တစ်မျှချစ်ရသူမို့ ကိုယ့်ပိုင်ဆိုင်အဖြစ်ရောက်လာတဲ့အချိန်မှာ ပျော်ရွင်နေချင်သည်။ယုံကြည်မှုအပြည့်အဝပေးချင်သည်။ဒါကြောင့် Night Standပေါ်တင်ထားတဲ့ ကောင်လေးငယ်ရဲ့ဖုန်းကိုယူလိုက်ပြီး အိပ်ရာပေါ်ခွေထိုင်ကာ ပေါင်ပေါ်ခေါင်းအုံးတစ်လုံးပါတင်ထားလိုက်သည်။အလွတ်မှတ်မိနေတဲ့ဂဏန်းတစ်ချို့ကို ရိုက်ထည့်လိုက်တော့ သော့ပွင့်သွားပြီး ဂျောင်ကုကိုကိုယ်စားပြုတဲ့ Tiger Lilyပန်းပွင့်ပုံwallpaperက အရင်ဆုံးပေါ်လာလေသည်။

အရင်ဆုံးContentထဲဝင်ကာ အပေါ်အောက်ရွေ့ပြီးရှာကြည့်လိုက်တော့ မမြင်ချင်တဲ့နာမ်စားကိုမတွေ့ရတာမို့ အနည်းငယ်တော့ကျေနပ်သွားရသည်။မျက်စိလျှံခဲ့မှာစိုးသဖြင့် Search Barတန်းထဲဝင်ကာ အင်္ဂလိပ်လိုရေးမှတ်ထားတဲ့ Baeဆိုတဲ့စကားလုံးလေးကို ရိုက်ယူလိုက်တော့ ပေါ်လာတဲ့ Search Not Foundဆိုတဲ့စာသားလေးဟာ ဂျောင်ကုအား အတိုင်းမသိပျော်ရွင်စေသည်။ဒါ့အပြင် Gallery,Message Boxနဲ့ တခြားဆက်သွယ်ရေးလုပ်ငန်းတွေကိုပါ စစ်ဆေးကြည့်ပေမယ့် ကင်မင်ဂယူဆိုတဲ့ကောင်လေးရဲ့ အရိပ်အယောင်ကိုမတွေ့ရတာမို့ ယုံကြည်စိတ်ချခြင်းများနဲ့ ချစ်ခြင်းတရားတွေကို တိုးပွားလို့သာလာခဲ့သည်။ထိုအချိန်မှာပဲ ရေချိုးခန်းတံခါးဖွင့်သံကိုကြားလိုက်ရတာမို့ ဖုန်းကိုနေရာတကျပြန်ထားကာ ကုတင်ပေါ်ကဆင်းလိုက်ပြီး ကောင်လေးငယ်ရဲ့လက်ထဲက တပတ်ကိုလက်လွှဲယူလိုက်သည်။ရေစက်တွေတွဲလွှဲခိုနေတဲ့ ဆံသားနုနုလေးတွေကို ဂရုတစိုက်သုတ်ပေးနေမိတော့ ခါးပေါ်ရောက်လာတဲ့လက်လေး။ရေတွေခြောက်သွားပြီ​ဆိုတော့မှ ဆံပင်တွေထဲလက်ဖြင့်ထိုးဖွကာ အနောက်ဘက်ကိုလှန်တင်လိုက်သည်။သို့နှင့်တစ်ပြိုင်နက် ပေါ်လာတဲ့မျက်နှာချောချောဟာ ဂျောင်ကုအားမြတ်နိုးလွန်းစွာ စိုက်ကြည့်နေခဲ့တာမို့ ဝဲဘက်ရင်အုံဟာဒိတ်ကနဲခုန်လာပြီး နားရွက်ဖျားတွေကပါ ရဲတက်လာသည်။ဒါကြောင့် နှစ်ယောက်ကြားအကွာအဝေးကိုအမြန်ဖန်တီးကာ အိပ်ရာပေါ်တက်ထိုင်လိုက်သည်။အပြင်ဘက်ကနေတောင်ကြားနေရတဲ့ နှလုံးခုန်သံတွေကြောင့် ယောင်ယမ်းပြီးနှလုံးသားနေရာကိုဖိထားမိတော့ ထိုကောင်လေးဆီမှဟက်ကနဲရီသံတစ်ချက် ထွက်ပေါ်လာလေသည်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now