~~D~~

1.5K 170 26
                                    

Unicode & Zawgyi

Unicode

ဒီနေ့မနက်စောစောကတည်းက ဂျောင်ကုမှာ မားနဲ့အတူ ငါးစျေးသို့ရောက်ရှိနေပြီဖြစ်သည်။ဆူရှီလုပ်စားချင်ပါသည်ဆိုသော မားကြောင့် မနက်အစောခြောက်နာရီကတည်းက ငါးစျေးသို့ရောက်ရှိနေခြင်းဖြစ်သည်။ဟိုကလေးကိုခေါ်ချင်ပေမယ့် မနက်ခြောက်နာရီဆိုတာ ​သူ့အတွက်အိပ်ပျော်ကာစအချိန်ဖြစ်တာကြောင့် လှမ်းမနှိုးတော့ဘဲ ဂျောင်ကုတို့သားအမိနှစ်ယောက်တည်း ထွက်လာခဲ့တာဖြစ်သည်။အနံ့နဲ့ပတ်သတ်လာရင် sensitiveဖြစ်တတ်တဲ့ဂျောင်ကုဟာ ငါးစျေးနဲ့ တကယ်အဆင်မပြေ။ကြီးကျယ်တာမဟုတ်ဘဲ အနံ့နံတာတွေကို နှာခေါင်းကလက်မခံနိုင်တာဖြစ်သည်။Maskလည်းတပ်လာခဲ့ပေမယ့် အညှီအဟောက်နံ့တွေက နှာခေါင်းထဲထိလှိုက်ကနဲဝင်လာတော့ ပျို့အန်ချင်သလိုတောင်ဖြစ်လာရသည်။ဒါကြောင့်မားအား မြန်မြန်ဆန်ဆန်ဝယ်ခိုင်းထားရသည်။ဆိုင်အကြီးကြီးတစ်ဆိုင်ကနေ လိုအပ်တဲ့ငါးအမျိုးအစားများအပြင် တခြားပင်လယ်စာတွေပါ ဝယ်ထားတာမို့ ဆိုင်ကကောင်လေးမှလိုက်ပို့လို့သာ တော်သေးသည်။ဂျောင်ကုကိုယ်တိုင်သာ ထိုငါးပုံးကြီးကို 'မ'ရမည်ဆိုပါက စျေးထဲတွင် အန်ချနိုင်ချေအပြည့်။ထိုဖော့ပုံးအား အနံ့လုံအောင် တိပ်အထပ်ထပ်နဲ့ပတ်ပေးခိုင်းထားသဖြင့် ကားထဲမှာအနံ့ကတော့ရှိမနေ။ဒါပေမယ့် စိတ်ကိုက မနေနိုင်တာကြောင့် ကားglove boxထဲမှာ ထည့်ထားတဲ့ အမွှေးရေဘူးလေးယူကာ ကားအနှံ့ပတ်ဖြန်းရတော့သည်။

"အနံ့လေးကောင်းသားပဲ......လာဗင်ဒါနံ့လေး"

ပုံးကို နေရာတကျထားရန် လိုက်လံညွှန်ကြားပြီး ပြန်လာတဲ့မားဟာ ထိုင်ခုံမှာဝင်ထိုင်ရင်း ချီးကျူးလာတာမို့ ပြုံးပြလိုက်ပြီး startခလုတ်ကိုစဖွင့်လိုက်သည်။

"ဘယ်ကဝယ်လာတာလဲ"

"သားလည်းမသိဘူး......ဆော့ဂျင်ဝယ်ထည့်ပေးထားတာ.....သားကအနံ့နဲ့ပတ်သတ်ရင်နည်းနည်းအထိမခံနိုင်ဖြစ်တတ်တာကိုသိလို့တဲ့"

ကားထဲမှာတင်မကသေး ဂျောင်ကုကိုင်နေကြ ဘေးကြိုးရှည်လေးနဲ့လွယ်အိတ်ထဲမှာလည်း လာဗင်ဒါနံ့ရေမွှေးလေးတစ်ပုလင်းလည်းရှိသေးသည်။ဂျောင်ကု၏ရုံးခန်း၊ အိပ်ခန်းသာမက ကားထဲအထိ လာဗင်ဒါမွှေးရနံ့ပါတဲ့ ရေမွှေးတွေရှိပေမယ့် ထိုရေမွှေးတွေဟာ ဘာတံဆိပ်လည်းဆိုတာ မသိသလို၊ ဘယ်ဆိုင်ကဝယ်ခဲ့တယ်ဆိုတာလည်းမသိ။အရာအားလုံးကို သူ့လက်သူ့ခြေဖြင့်စီမံထားသော ကောင်လေးငယ်ကြောင့် တစ်ခါတစ်လေ ကိုယ်သုံးနေတဲ့ရေမွှေးအမျိုးအစားတောင်သိမနေ။ဒါတင်မက ဂျောင်ကုဖတ်ချင်တဲ့စာအုပ်အမျိုးအစားတွေကိုလည်း မရ,ရအောင်ရှာဝယ်ပေးတတ်သလို ဒီနိုင်ငံမှာမရဘူးဆိုလည်း နိုင်ငံခြားအဆက်အသွယ်နဲ့ ရှာဝယ်ပေးသည်။ဒါကြောင့်စာအုပ်နဲ့ပတ်သတ်လာရင် ဘယ်သောအခါကမှ ခြေတိုအောင်မြို့ပတ်ပြီး ရှာရတယ်လို့မရှိ။တစ်ခါတစ်လေလောက် ကိုယ်တိုင်ရှာပါရစေလို့ ပြောပြန်ရင်လည်း တစ်ရက်လောက်လွှတ်ထားပေးသည်။သို့သော် တစ်ရက်ပြည့်တာနဲ့ ဂျောင်ကုလိုချင်တဲ့စာအုပ်လေးဟာ ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ စာကြည့်စားပွဲပေါ်ရောက်ပြီးသားပင်။စာအုပ်ဖတ်ရင်ခေါင်းကိုက်တယ်ဆိုတဲ့ ကောင်လေးဟာ ဂျောင်ကုသာအလိုရှိပါက စာရေးဆရာတွေနဲ့ဆွေးနွေးဖို့လည်း ဝန်လေးခဲ့သူမဟုတ်။သူဟာ ဂျောင်ကုထက်ခုနှစ်နှစ်ငယ်ပေမယ့် လုပ်ငန်းအတွေ့အကြုံနဲ့စကားပြောစွမ်းရည်မှာတော့ ဂျောင်ကုထက်အများကြီး ပို၍ သာလွန်လေသည်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now