~~C~~

1.6K 182 20
                                    

Unicode & Zawgyi

Unicode

"Vanteအထဲမှာရောက်နေပါတယ်ဆရာ"

စာအုပ်တိုက်က ကိုယ်ပိုင်ရုံးခန်းထဲ ဝင်မလို့ပြင်ကာရှိသေး အတွင်းရေးမှူးလေး ပြောလာတဲ့စကားကို ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်ပြီး ရုံးခန်းတံခါးကို အသာတွန်းဖွင့်လိုက်လေသည်။အပေါက်ဝကို ကျောပေးနေတဲ့ အကိုနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့ ဂျောင်ကုအနောက်ကနေ ကပ်ပါလာတဲ့ ကောင်လေးဟာလည်း ဘေးကပ်ရပ်မှာဝင်ထိုင်လေသည်။

"ဘာအကြောင်းကိစ္စများရှိလို့ပါလိမ့်"

"အကိုတို့ကကိစ္စရှိမှဝင်တွေ့ရမယ့်ဆက်ဆံရေးမှမဟုတ်တာ"

နှုတ်ခမ်းကိုတင်းတင်းစေ့ထားပေမယ့် မျက်ဝန်းတွေက ပြုံးရိပ်သန်းနေတဲ့ အကို့ရဲ့မျက်ဆံညိုညိုတွေဟာ တောင့်မခံနိုင်တဲ့သူဆို ပြိုလဲချင်စရာ။ဘေးကကောင်လေးကို လှည့်ကြည့်လိုက်တော့ မျက်ခုံးတွေကို တွန့်ချိုးထားပြီး အကို့ကိုအကဲခတ်နေပုံရသည်။လက်ချောင်းသွယ်ကောက်ကောက်လေးတွေဟာလည်း ထိုင်ခုံလက်ရန်းပေါ်မှာ တတောက်တောက်ခေါက်လို့။အကိုထယ်ယောင်းကို ပြာကျမတတ်စိုက်ကြည့်နေပြီး မမှိုန်မသုတ်လုပ်နေတဲ့ရုပ်က အားနာစရာတောင်ကောင်းလွန်းလှသည်။ပြုံးလည်းမပြုံး၊ ရယ်လည်းမရယ်နဲ့ မင်သေသေမျက်နှာပေးနဲ့သာ စိုက်ကြည့်နေတာမို့ ကြာလာတော့ အကိုထယ်ယောင်းလည်း နေရခက်လာသည်ထင်။ဆော့ဂျင်နဲ့ မိတ်ဆက်ခိုင်းတော့သည်။

"ဒါကညီလေးလိုဖြစ်နေတဲ့ကလေးလေ......သူအမေနဲ့ကျွန်တော့်အမေကငယ်သူငယ်ချင်းတွေဆိုတော့......နာမည်ကကင်မ်ဆော့ဂျင်တဲ့.......ဆော့ဂျင်ဒါကဆရာVanteလေ.......အပြင်နာမည်ကတော့ကင်မ်ထယ်ယောင်းတဲ့"

"တွေ့ရတာဝမ်းသာပါတယ်"

အကိုထယ်ယောင်းကသာ လက်ကိုဆန့်တန်းပြီး နှုတ်ဆက်ပေမယ့် ထိုကောင်လေးကတော့ အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတစ်ချက်သာငြိမ့်ပြကာ ဂျောင်ကုဘက်သို့လှည့်ကြည့်လေသည်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now