~~H~~

1.4K 161 68
                                    

Unicode & Zawgyi

Unicode

အဲကွန်းရဲ့ချမ်းစိမ့်စိမ့်အရှိန်ကြောင့် ညလယ်ခေါင်မှာ တစ်ရေးနိုးလာခဲ့ပြီး အမှောင်ထဲက နံရံကပ်နာရီလေးဆီ လှမ်းကြည့်မိတော့ မနက်သုံးနာရီထိုးဖို့ဆယ့်ငါးမိနစ်အလို။အိပ်ရာကနှိုးလက်စနဲ့ သန့်စင်ခန်းဝင်ဖို့ ကုတင်ပေါ်ကခြေချလိုက်တဲ့အချိန် ဆိုဖာပေါ်မှာခွေခွေလေးအိပ်ပျော်နေတဲ့ အရိပ်လေးကြောင့် ခါးလေးဟာမက်ကနဲ။Clubတက်တဲ့ညတွေဆို မနက်အာရုံတက်မှပြန်လာတတ်တဲ့ကလေးဟာ ကဲလို့အကောင်းဆုံးအချိန်မှာ ဂျောင်ကုဆီရောက်နေခဲ့ပါသတဲ့။ချည်ထည်pajamaပါးပါးလေး ဝတ်ဆင်ထားတဲ့ကောင်လေးဟာ အအေးရှိန်ကြောင့် ပေါင်ကြားထဲလက်ညှပ်ကာ ခွေခွေလေးအိပ်နေတာမြင်ရတော့ စိတ်မကောင်း။ဒါကြောင့် ဆိုဖာအောက်ကိုအပုံလိုက်ပြုတ်ကျနေတဲ့ စောင်လေးကိုကောက်ယူကာ ရင်ဘတ်အထိလုံအောင် ခြုံပေးလိုက်သည်။သို့မှသာ နွေးထွေးရာကိုရှာတွေ့သွားသကဲ့သို့ လူလေးဟာလည်း စောင်ထဲကိုအတင်းတိုးဝင်တော့သည်။

ဆိုဖာအောက်ကြမ်းပြင်မှာ အသာထိုင်ချလိုက်ပြီး အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ မျက်နှာသေးသေးလေးအား အသေးစိတ်လိုက်ကြည့်နေမိသည်။ဖိမှိတ်ထားတဲ့မျက်ခွံဖောင်းဖောင်းလေး၊ အအေးရှိန်ကြောင့် ပန်းသွေးရောင်သန်းနေတဲ့ ပါးပြင်လေးနဲ့ ယမကာအရှိန်ကြောင့် နီထွေးအိစက်နေတဲ့ နှုတ်ခမ်းဖူးဖူးလေး။ထိုနှုတ်ခမ်းလေးပေါ် လက်ချောင်းလေးတင်ကာ ဖိဆွဲမိတော့ ရရှိလိုက်တဲ့အိစက်ညင်သာမှုလေးကြောင့် မျက်လုံးတွေကိုမှိတ်ပစ်ပြီး အသက်ကိုဝအောင်ရှုနေမိသည်။ထိုအချိန်မှာပဲ Messageဝင်နေကြောင်း သတိပေးသံတီးလုံးကို ကြားလိုက်ရတာမို့ ဆိုဖာလက်ရန်းပေါ်တင်ထားတဲ့ ကောင်လေးငယ်ရဲ့ ဖုန်းကိုယူကြည့်လိုက်သည်။မြောက်များလှစွာသော Messageတွေဟာ Baeဟုမှတ်သားထားသော နံပါတ်လေးပိုင်ရှင်ဆီမှဖြစ်ပြီး စိတ်ဆိုးစိတ်ကောက်နေတဲ့ အငွေ့အသက်တွေက စာထဲမှာတောင်အပြည့်။စိတ်ရှုပ်တာကိုမခံနိုင်တဲ့ ဂျောင်ကုရဲ့ကလေးငယ်လေး ဘယ်လောက်တောင်များ စိတ်ဆင်းရဲနေရမှာပါလိမ့်။

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now