~~J~~

1.5K 161 40
                                    

Unicode & Zawgyi

Unicode

တီ~တီ~တီ~~~

ရုံးအလုပ်လုပ်နေတုန်း ကြားလိုက်ရတဲ့ဖုန်းသံကြောင့် ကွန်ပျူတာမျက်နှာပြင်ကနေ ဖုန်းဆီသို့အကြည့်လွှဲလိုက်သည်။Caller IDမှာပေါ်နေတဲ့ နာမည်လေးကြောင့် ထွက်ပေါ်လာတဲ့အပြုံးလေးဟာ လုပ်ယူစရာမလိုပါပဲတောင် တောက်ပလွန်းနေသည်။မြှားအစိမ်းလေးကိုဘေးဘက်ဖိဆွဲလိုက်ပြီး ဆုံလည်ကုလားထိုင်နောက်ကိုမှီထိုင်လိုက်ကာ အလုပ်လုပ်တုန်းကတပ်ထားတဲ့ မျက်မှန်ဝိုင်းလေးကိုချွတ်ပြီး စားပွဲပေါ်လှမ်းတင်လိုက်သည်။

"ကိုကို"

"ဗျာ......ကိုကို့ကလေးအခုမှနိုးတာလား"

"အွန်းးး"

အွန်းဆိုတာကို ရိုးရိုးမပြောဘဲ အသံရှည်လေးဆွဲကာ ပြောလာတဲ့ကလေးကြောင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။အခုချိန်ထိ အိပ်ရာထက်မှာ အရုပ်တွေတစ်ပုံတစ်ပင်နဲ့ ဆံပင်စုတ်ဖွားလေးဟာ မျက်လုံးတွေမဖွင့်သေးဘဲ နှုတ်ခမ်းဆူနေမည့်ပုံလေးကို မြင်ယောင်မိတော့ အသံထွက်ပြီးတောင် ရီလိုက်မိသည်။အချစ်နဲ့ထိတွေ့လိုက်တော့ အရာရာဟာ ကြည်နူးစရာအတိပင်။နွေးထွေးနေတဲ့နေရောင်ခြည်တွေနဲ့ အပြာရောင်ပေါ်မှာ အဖြူရောင်တောက်နေတဲ့ တိမ်တိုက်လေးတွေကအစ ဆိုးလ်မြို့ရဲ့အရာရာဟာ ချစ်စရာအတိ။မြို့တစ်မြို့ရဲ့မိုးလေဝသကို ဘာနဲ့တိုင်းတာသလဲမသိပေမယ့် ဂျွန်ဂျောင်ကုရဲ့မိုးလေဝသကိုတော့ ကင်မ်ဆော့ဂျင်ရဲ့စိတ်အခြေအနေနဲ့ တိုင်းတာနိုင်သည်။

"ကိုကို့ကလေး......ထကြည့်လိုက်ဉီး.......ဒီနေ့ရာသီဉတုလေးကကြည်လင်နေတာပဲ"

"အင်း......ခေါက်ဆွဲအေးနဲ့လိုက်ဖက်တဲ့ရာသီဉတုလေးပဲ"

ထိုစကားကိုကြားတော့ ဟက်ဟက်ပက်ပက်ကို ရီမောလိုက်မိသည်။ကိုယ်ကတော့ သဘာဝတရားကိုခံစားနေပေမယ့် ဝက်ပေါက်စလေးကတော့ စားဖို့သောက်ဖို့ကိုပဲ စဉ်းစားနေသည်လေ။

"ဟုတ်ပြီ.......ဒါဆိုကိုကိုနဲ့ခေါက်ဆွဲအေးသွားစားမလား"

TE ADORO:LAVENDER [COMPLETED]Where stories live. Discover now